YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 68:21-35

ဆာလံ 68:21-35 JBMLE

ဘု​ရား​သ​ခင်​သည် မိ​မိ​ရန်​သူ​တို့၏ ဦး​ခေါင်း​ကို​လည်း​ကောင်း၊ အ​ပြစ်​ပြု​မြဲ​ပြု​သော သူ​တို့၏ ဦး​သျှောင်​ကို​လည်း​ကောင်း ဧ​ကန်​အ​မှန် နှိပ်​စက်​တော်​မူ​မည်။ သူ​တို့​ကို ဗာ​ရှန်​ပြည်​က ငါ​ဆောင်​ခဲ့​ဦး​မည်။ နက်​နဲ​သော​ပင်​လယ်​ထဲ​က ငါ​ဆောင်​ခဲ့​ဦး​မည်။ ထို​သို့​သော​အား​ဖြင့် သင်​သည် ရန်​သူ​တို့ အ​သွေး​ကို​နင်း၍၊ သင်၏​ခွေး​တို့​သည်​လည်း လျက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ အို ဘု​ရား​သ​ခင်၊ သန့်​ရှင်း​ရာ​ဌာ​န​သို့ ကိုယ်​တော်​ကြွ​တော်​မူ​ခြင်း၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်၏ ရှင်​ဘု​ရင် ကြွ​တော်​မူ​ခြင်း​ကို မြင်​ရ​ကြ​ပါ​ပြီ။ ရှေ့၌​ကား၊ သီ​ချင်း​ဆို​သော​သူ၊ နောက်၌​ကား၊ စောင်း​အ​မျိုး​မျိုး​ကို တီး​သော​သူ၊ အ​လယ်၌​ကား၊ ပတ်​သာ​ကို​တီး​သော အ​ပျို​တို့​သည် လိုက်​သွား​ကြ​ပါ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ပ​ရိ​သတ်​အ​စည်း​အ​ဝေး​တို့၌ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​ကို ကောင်း​ချီး​ပေး​ကြ​လော့။ အ​စိုး​ရ​သော ဗင်္ယာ​မိန်​ငယ်​မှ​စ၍၊ မိ​မိ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ ယု​ဒ​မင်း​များ၊ ဇာ​ဗု​လုန်​မင်း​များ၊ နဿ​လိ​မင်း​များ ပါ​ကြ၏။ အို ဘု​ရား​သ​ခင်၊ တန်​ခိုး​တော်​ကို ပြ​တော်​မူ​ပါ။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့၌​ပြု​သော ကျေး​ဇူး​တော်​ကို တည်​စေ​တော်​မူ​ပါ။ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော ဗိ​မာန်​တော်​အ​ဖို့ ရှင်​ဘု​ရင်​တို့​သည် ကိုယ်​တော်​ထံ​သို့ လက်​ဆောင်​များ​ကို ဆောင်​ခဲ့​ကြ​ပါ​စေ​သော။ ကျူ​တော​သား​ရဲ​ကို​လည်း​ကောင်း၊ နွား​လား​ဥ​သ​ဘ​အ​စု​အ​ဝေး​နှင့် လူ​မျိုး​တို့၏​နွား​ပျို​တို့​ကို​လည်း​ကောင်း ဆုံး​မ​တော်​မူ​သ​ဖြင့်၊ အ​သီး​အ​သီး​တို့​သည် ငွေ​စ​နှင့် ကိုယ်​ကို​နှိမ့်​ချ​ကြ​ပါ​စေ​သော။ စစ်​မှု​ကို နှစ်​သက်​သော လူ​မျိုး​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​တော်​မူ​ပါ။ အဲ​ဂု​တ္တု​ပြည်​မှ သံ​တ​မန်​တို့​သည် လာ​ကြ​ပါ​စေ​သော။ ကု​ရှ​ပြည်​သည် မိ​မိ​လက်​တို့​ကို ဘု​ရား​သ​ခင်​ထံ​တော်​သို့ အ​လျင်​အ​မြန် ဆန့်​ရ​ပါ​စေ​သော။ မြေ​ကြီး​နိုင်​ငံ​တို့၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ သီ​ချင်း​ဆို​ကြ​လော့။ အ​စ​အ​ဦး၌ အ​ထက်​ကောင်း​ကင်​ဘ​ဝဂ်​ကို စီး၍​နေ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။ အ​သံ​တော်​ကို လွှတ်​တော်​မူ၍၊ အား​ကြီး​သော​အ​သံ​ဖြစ်၏။ ဘု​ရား​သ​ခင်​သည် တန်​ခိုး​ကြီး​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​ကို ဘုန်း​တော်​လွှမ်း​မိုး​လျက်၊ တန်​ခိုး​တော်​လည်း မိုး​တိမ်​တို့​တွင် ထင်​ရှား​လျက်​ရှိ​သ​တည်း။ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​ပြင်​မှာ ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ကား၊ မိ​မိ​လူ​တို့​အား အ​ခွင့်​တန်​ခိုး​ကို​ပေး​တော်​မူ​သော ဘု​ရား​ပေ​တည်း။ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။