YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 68:11-14

ဆာလံ 68:11-14 JBMLE

ဘု​ရား​ရှင်​အ​မိန့်​တော်​ရှိ၍၊ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ကြား​ပြော​သော သူ​တို့​သည် အ​တိုင်း​မ​သိ များ​ကြ၏။ စစ်​အင်္ဂါ​ဗိုလ်​ခြေ​သ​ခင် ရှင်​ဘု​ရင်​တို့​သည် အ​လျင်​အ​မြန် ပြေး​ကြ၍၊ အိမ်၌​နေ​ရစ်​သော မိန်း​မ​တို့​သည် လက်​ရ​ဥ​စ္စာ​ကို ဝေ​မျှ​ကြ၏။ သင်​တို့​သည် တောင်​ကြား​မှာ နေ​ရာ​ကျ​လျက်၊ ငွေ​နှင့် မွမ်း​မံ​သော ချိုး​ငှက်​အ​တောင်​ကဲ့​သို့​လည်း​ကောင်း၊ နီ​သော​ရွှေ​နှင့် မွမ်း​မံ​သော အ​မွေး​ကဲ့​သို့​လည်း​ကောင်း၊ ဖြစ်​ကြ​လိမ့်​မည်။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော​ဘု​ရား​သည်၊ ရှင်​ဘု​ရင်​တို့​ကို ကွဲ​ပြား​စေ​တော်​မူ​သော​အ​ရပ်​သည် ဇာ​လ​မုန်​တောင်​ပေါ်​မှာ မိုး​ပွင့်​ကဲ့​သို့ ဖြစ်​လေ၏။