YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 52

52
ဝါ​ကြွား​ခြင်း​ကို​စီ​ရင်​ခြင်း
"ဒါ​ဝိဒ်​သည် အ​ဟိ​မ​လက်​အိမ်​သို့​ရောက်​ကြောင်း​ကို ဧ​ဒုံ​အ​မျိုး​သား​ဒေါ​ဂ​သည် ရှော​လု​ထံ​သို့​လာ၍လျှောက်​သော​အ​ခါ စပ်​ဆို​သော​ဆာ​လံ။"
(၁​ရာ၊ ၂၂:၉-၁၀)
1အား​ကြီး​သော​အ​ချင်း​လူ၊ သင်​သည်​သူ့​အ​ကျိုး​ကို​ဖျက်​ခြင်း​အ​မှု၌ အ​ဘယ်​ကြောင့် ဝါ​ကြွား​သ​နည်း။ ဘု​ရား​သ​ခင်၏ က​ရု​ဏာ​တော်​သည် အ​စဉ်​မ​ပြတ်​တည်၏။ 2သင်၏​လျှာ​သည် ထက်​သော​သင်​တုန်း​ကဲ့​သို့ လှည့်​စား​သ​ဖြင့်၊ သူ့​အ​ကျိုး​ကို​ဖျက်​ခြင်း​အ​မှု​ကို ပြု​စု​တတ်၏။ 3သင်​သည် သု​စ​ရိုက်​ထက် ဒု​စ​ရိုက်​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​စ​ကား​ထက် မု​သား​စ​ကား​ကို​လည်း​ကောင်း သာ၍​နှစ်​သက်​တတ်၏။ 4အို လှည့်​စား​တတ်​သော​လျှာ၊ သင်​သည် ပျက်​စီး​သော​စ​ကား​ရှိ​သ​မျှ​တို့​ကို နှစ်​သက်​တတ်၏။ 5အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် သင့်​ကို အ​စဉ်​အ​မြဲ ချိုး​ဖျက်​ပယ်​ရှင်း​လျက်၊ သင်၏​နေ​ရာ​ထဲ​က​နှင်​ထုတ်၍၊ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ​ထဲ​က နုတ်​ပစ်​တော်​မူ​မည်။ 6ဖြောင့်​မတ်​သော​သူ​တို့​သည်​မြင်၍ ကြောက်​ရွံ့​ကြ​လိမ့်​မည်။ 7ဘု​ရား​သ​ခင်​ကို မ​ခို​လှုံ၊ မိ​မိ​ဥ​စ္စာ​ကြွယ်​ဝ​ခြင်း၌ ကိုး​စား၍၊ မိ​မိ​ဒု​စ​ရိုက်၌ ခိုင်​ခံ့​သော​သူ​ကို​ကြည့်​ပါ​ဟူ၍ သူ၌​ရယ်​ကြ​လိမ့်​မည်။ 8ငါ​မူ​ကား၊ ဘု​ရား​သ​ခင်၏​အိမ်​တော်၌ စိမ်း​လန်း​သော သံ​လွင်​ပင်​ကဲ့​သို့​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​က​ရု​ဏာ​တော်၌ ကာ​လ​အ​စဉ်​အ​မြဲ ကိုး​စား​မည်။ 9ကိုယ်​တော် စီ​ရင်​တော်​မူ​သော​ကြောင့်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို ကာ​လ​အ​စဉ်​အ​မြဲ ချီး​မွမ်း​ပါ​မည်။ ကောင်း​မြတ်​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်၏​သန့်​ရှင်း​သူ​တို့​ရှေ့​မှာ နာ​မ​တော်​ကို​မျှော်​လင့်​ပါ​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 52: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ