YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 5

5
စော​င့်​ထိန်း​တော်​မူ​ရန်​ဆု​တောင်း
1အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​စ​ကား​ကို​နား​ထောင်​တော်​မူ၍၊ အ​ကျွန်ုပ်​မြည်​တမ်း​ခြင်း​ကို ဆင်​ခြင်​တော်​မူ​ပါ။ 2အ​ကျွန်ုပ်၏​ရှင်​ဘု​ရင်၊ အ​ကျွန်ုပ်၏​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​ဆု​တောင်း​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​အော်​ဟစ်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။ 3အို​ထာ​ဝ​ရ​ဘု​ရား၊ နံ​နက်​အ​ခါ အ​ကျွန်ုပ်​စ​ကား​သံ​ကို ကြား​တော်​မူ​ရ​ပါ၏။ နံ​နက်​အ​ခါ​ကိုယ်​တော်​ကို မျက်​မှောက်​ပြု၍ မျှော်​လင့်​ပါ​မည်။ 4ကိုယ်​တော်​သည် မ​တ​ရား​သော​အ​မှု​ကို နှစ်​သက်​သော​ဘု​ရား မ​ဟုတ်။ ဆိုး​သော​သူ​ကို လက်​ခံ​တော်​မ​မူ။ 5မိုက်​သော​သူ​သည် အ​ထံ​တော်​သို့ မ​ဝင်​ရ။ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​အ​ပေါင်း​တို့​ကို မုန်း​တော်​မူ၏။ 6မု​သား​စ​ကား​ပြော​သော​သူ​တို့​ကို ဖျက်​ဆီး​တော်​မူ၏။ လူ​အ​သက်​ကို​သတ်​တတ်​သော​သူ​နှင့် လှည့်​စား​တတ်​သော​သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ 7အ​ကျွန်ုပ်​မူ​ကား၊ များ​စွာ​သော ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​သ​ဖြင့်၊ အိမ်​တော်​သို့​ရောက်၍၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​စိတ်​နှင့် သန့်​ရှင်း​သော​ဗိ​မာန်​တော်​တွင် ကိုး​ကွယ်​ပါ​လိမ့်​မည်။
8အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ရန်​သူ​တို့​ကြောင့် အ​ကျွန်ုပ်​ကို တ​ရား​တော်​လမ်း​ထဲ​သို့ ပို့​ဆောင်​တော်​မူ​ပါ။ ကိုယ်​တော်၏​လမ်း​ကို အ​ကျွန်ုပ်​ရှေ့​မှာ​ဖြောင့်​စေ​တော်​မူ​ပါ။ 9သူ​တို့၏​နှုတ်​တွင် သ​စ္စာ​မ​ရှိ​ပါ။ သူ​တို့​နှ​လုံး​သည် အ​လွန်​ဆိုး​ပါ၏။ သူ​တို့၏​လည်​ချောင်း​သည် ဖွင့်​ထား​သော​သင်္ချိုင်း​တွင်း ဖြစ်​ပါ၏။ သူ​တို့​သည် လျှာ​နှင့် ချော့​မော့​တတ်​ကြ၏။#ရော၊ ၃:၁၃။ 10အို​ဘု​ရား​သ​ခင်၊ သူ​တို့​အ​ပေါ်​မှာ အ​ပြစ်​ရောက်​စေ​တော်​မူ​ပါ။ မိ​မိ​တို့​အ​ကြံ​အ​စည်​အား​ဖြင့် လဲ​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ကို ပုန်​ကန်​သော​သူ​ဖြစ်၍၊ ပြစ်​မှား​သော အ​ပြစ်​များ​သော​ကြောင့်၊ သူ​တို့​ကို နှင်​ထုတ်​တော်​မူ​ပါ။
11ကိုယ်​တော်​ကို ကိုး​စား​သော​သူ​တို့​မူ​ကား၊ ဝမ်း​မြောက်​ကြ​ပါ​စေ​သော။ စောင့်​ရှောက်​တော်​မူ​ခြင်း​ကို​ခံ​ရ၍ ဝမ်း​မြောက်​သည်​နှင့် ကြွေး​ကြော်​ကြ​ပါ​စေ​သော။ နာ​မ​တော်​ကို​ချစ်​သော​သူ​တို့​သည် ကိုယ်​တော်​ကြောင့် ဝမ်း​သာ​ရွှင်​လန်း​ခြင်း ရှိ​ကြ​ပါ​စေ​သော။ 12အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​သော​သူ​ကို ကောင်း​ချီး​ပေး၍ ကျေး​ဇူး​တော်​အား​ဖြင့် ကွယ်​ကာ​စောင့်​မ​တော်​မူ​လိမ့်​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 5: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။