YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 44

44
ကွယ်​ကာ​စော​င့်​ရှောက်​ရန်​ဆု​တောင်း
1အို​ဘု​ရား​သ​ခင်၊ ရှေး​လွန်​လေ​ပြီး​သော​ကာ​လ​တွင်၊ ဘိုး​ဘေး​တို့​လက်​ထက်၌ ပြု​တော်​မူ​သော​အ​မှု​ကို သူ​တို့​ပြော၍၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တိုင်​ကြား​ရ​ကြ​ပါ​ပြီ။ 2တစ်​ပါး​အ​မျိုး​သား​တို့​ကို လက်​တော်​ဖြင့်​နှင်​ထုတ်၍ အ​ကျွန်ုပ်​တို့၏​ဘိုး​ဘေး​များ​ကို နေ​ရာ​ချ​တော်​မူ၏။ တစ်​ပါး​အ​မျိုး​သား​တို့​ကို နှိပ်​စက်၍ ဘိုး​ဘေး​များ​ကို ပြန့်​ပွား​စေ​တော်​မူ၏။ 3သူ​တို့​သည် ကိုယ်​ဓား​ဖြင့် ထို​မြေ​ကို​အ​စိုး​ရ​ကြ​သည် မ​ဟုတ်​ပါ။ ကိုယ်​လက်​ဖြင့် ကိုယ်​ကို ကယ်​တင်​ကြ​သည် မ​ဟုတ်​ပါ။ ကိုယ်​တော်​အ​လို​ရှိ​သော​ကြောင့် လက်​ယာ​လက်​ရုံး​တော်​နှင့် မျက်​နှာ​တော်​အ​လင်း​အား​ဖြင့် သူ​တို့​ကို ကယ်​တင်​တော်​မူ၏။ 4အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ရှင်​ဘု​ရင် ဖြစ်​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၏ ကယ်​တင်​ခြင်း​အ​ကြောင်း​ကို စီ​ရင်​တော်​မူ​ပါ။ 5ကိုယ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​တို့​သည် ရန်​သူ​များ​ကို တွန်း​ချ​ကြ​ပါ​စေ​သော။ ရန်​ဘက်​ပြု​သော​သူ​တို့​ကို နာ​မ​တော်​အား​ဖြင့် နင်း​ရ​သော​အ​ခွင့် ရှိ​ကြ​ပါ​စေ​သော။ 6ကိုယ်၌​ပါ​သော​လေး​ကို အ​ကျွန်ုပ်​သည် မ​ကိုး​စား။ ကိုယ်​ဓား​သည် အ​ကျွန်ုပ်​ကို မ​ကယ်​ရ​ပါ။ 7ကိုယ်​တော်​သာ​လျှင် အ​ကျွန်ုပ်​တို့​ကို ရန်​သူ​လက်​မှ ကယ်​လွှတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​အား မုန်း​သော သူ​များ​ကို​လည်း အ​ရှက်​ကွဲ​စေ​တော်​မူ၏။ 8အ​ကျွန်ုပ်​တို့​သည် မ​ခြား​မ​လပ် ဘု​ရား​သ​ခင်၌​ဝါ​ကြွား၍ နာ​မ​တော်​ကို အ​စဉ်​အ​မြဲ ချီး​မွမ်း​ကြ​ပါ၏။
9သို့​သော်​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို စွန့်​ပစ်၍ အ​ရှက်​ကွဲ​စေ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့ ဗိုလ်​ခြေ​နှင့်​အ​တူ ကြွ​တော်​မ​မူ​ပါ။ 10အ​ကျွန်ုပ်​တို့​ကို ရန်​သူ​ရှေ့​မှာ ပြန်​ပြေး​စေ​တော်​မူ၍၊ မုန်း​သော​သူ​တို့​သည် အ​လို​လို​လု​ယူ​ရ​ကြ၏။ 11ဟင်း​လျာ​ဖြစ်​သော​သိုး​များ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို အပ်​လိုက်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ရပ်​ရပ် ကွဲ​ပြား​စေ​တော်​မူ၏။ 12ကိုယ်​တော်၏​လူ​များ​ကို အ​ဖိုး​မ​ခံ​ဘဲ​ရောင်း၍၊ ရောင်း​သော​အား​ဖြင့် စီး​ပွား​တော်​ကို တိုး​ပွား​စေ​တော်​မူ​သည် မ​ဟုတ်။ 13အ​ကျွန်ုပ်​တို့​ကို အိမ်​နီး​ချင်း​များ​ကဲ့​ရဲ့​ရာ ပတ်​ဝန်း​ကျင်၌​နေ​သော​သူ​များ ပြက်​ရယ်​ပြု၍၊ အ​ရှက်​ခွဲ​ရာ​ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်​တော်​မူ၏။ 14တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​တို့​ကို​ပုံ​ခိုင်း​ရ​သော​အ​ခွင့်၊ လူ​စု​တို့​သည် ခေါင်း​ညိတ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ 15ကဲ့​ရဲ့​သော​သူ​နှင့် အ​သ​ရေ​ဖျက်​သော​သူ၏​စ​ကား​ကြောင့်​လည်း​ကောင်း၊ 16ရန်​ဘက်​ပြု​သော​သူ​နှင့် လက်​စား​ချေ​သော​သူ၏ မျက်​နှာ​ကြောင့်​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် ကိုယ်​အ​ရှက်​ကွဲ​ခြင်း​အ​ကြောင်း​ကို အ​စဉ်​မျက်​မှောက်​ပြု​ရ​ပါ၏။ မျက်​နှာ​ရှက်​ခြင်း​အား​ဖြင့် မွန်း​လျက်​နေ​ရ​ပါ၏။
17ထို​မျှ​လောက်​ခံ​ရ​သော်​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို မ​မေ့​မ​လျော့။ သ​စ္စာ​တော်​ကို မ​ဖျက်​ကြ​ပါ။ 18စိတ်​နှ​လုံး​သည် နောက်​သို့​မ​ဆုတ်၊ တ​ရား​တော်​လမ်း​မှ​လွှဲ၍ မ​သွား​ကြ​ပါ။ 19ကိုယ်​တော်​မူ​ကား၊ မြေ​ခွေး​နေ​ရာ​အ​ရပ်​မှာ အ​ကျွန်ုပ်​တို့​ကို ချိုး​ဖဲ့​နှိပ်​စက်၍၊ သေ​ခြင်း​အ​ရိပ်​နှင့် ဖုံး​လွှမ်း​တော်​မူ၏။ 20အ​ကျွန်ုပ်​တို့​သည် ကိုယ်​ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို မေ့​လျော့၍၊ တစ်​ပါး​အ​မျိုး၏​ဘု​ရား​ထံ​သို့ လက်​ကို​ဆန့်​သည်​မှန်​လျှင်၊ 21နှ​လုံး၌​ဝှက်​ထား​သော​အ​ရာ​များ​ကို ဘု​ရား​သ​ခင်​သိ​တော်​မူ​သည်​ဖြစ်၍၊ ထို​အ​မှု​ကို မ​စစ်​ဘဲ​နေ​တော်​မူ​မည်​လော။ 22အ​ကယ်​စင်​စစ် ကိုယ်​တော်​အ​တွက် အ​ကျွန်ုပ်​တို့​သည် အ​စဉ်​မ​ပြတ် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​ပါ၏။ သတ်​ဖို့​ရာ​ထား​သော​သိုး​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို သူ​တစ်​ပါး မှတ်​တတ်​ကြ​ပါ၏။#ရော၊ ၈:၃၆။
23အို​ဘု​ရား​ရှင်၊ နိုး​တော်​မူ​ပါ။ အ​ဘယ်​ကြောင့် ကျိန်း​စက်​တော်​မူ​သ​နည်း။ ထ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ကို အ​စဉ်​စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ 24အ​ကျွန်ုပ်​တို့ ခံ​ရ​သော​နှိမ့်​ချ​ခြင်း​နှင့် ညှဉ်း​ဆဲ​ခြင်း​ကို မျက်​နှာ​တော်​လွှဲ၍ အ​ဘယ်​ကြောင့် မေ့​လျော့​တော်​မူ​သ​နည်း။ 25အ​ကျွန်ုပ်​တို့၏​စိတ်​ဝိ​ညာဉ်​သည် မြေ​တိုင်​အောင် နှိမ့်​ချ​ခြင်း​ကို​ခံ​ရ၍၊ ရင်​ပတ်​လည်း မြေ၌​ကပ်​လျက်​ရှိ​ပါ၏။ 26အ​ကျွန်ုပ်​တို့​ကို မ​စ​သော​ဘု​ရား၊ ထ​တော်​မူ​ပါ။ က​ရု​ဏာ​တော်​နှင့်​အ​ညီ ရွေး​နုတ်​တော်​မူ​ပါ။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 44: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။