YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 37:24-36

ဆာလံ 37:24-36 JBMLE

ထို​သူ​သည် လဲ​သော်​လည်း ဆုံး​ရာ​သို့​မ​ရောက်​ရ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​လက်​ကို ကိုင်​မ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ​သည် စွန့်​ပစ်​ခြင်း​ကို​ခံ​ရ​သည်​အ​ကြောင်း၊ သူ၏​သား​မြေး​တို့​သည် တောင်း၍​စား​ရ​သည်​အ​ကြောင်း​ကို ငါ​သည် အ​သက်​ပျို​သည်​ကာ​လ​မှ​စ၍ အို​သည်​တိုင်​အောင် မ​မြင်​စ​ဖူး။ သူ​သည် အ​စဉ်​သ​နား​သော​စိတ်​ရှိ​သည်​နှင့်၊ သူ​တစ်​ပါး​တို့​အား ချေး​ငှား​တတ်​သည်​ဖြစ်၍၊ သူ၏​သား​မြေး​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ၏။ ဒု​စ​ရိုက်​ကို​လွှဲ​ရှောင်၍ သု​စ​ရိုက်​ကို ပြု​လော့။ သို့​ပြု​လျှင် အ​စဉ်​အ​မြဲ​နေ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​ကို​နှစ်​သက်​တော်​မူ၏။ မိ​မိ​သန့်​ရှင်း​သူ​တို့​ကို​လည်း စွန့်​တော်​မ​မူ။ သူ​တို့​သည် စောင့်​မ​တော်​မူ​ခြင်း​ကို အ​စဉ်​အ​မြဲ​ခံ​ရ​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ၏​သား​မြေး​တို့​မူ​ကား၊ ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​တို့​သည် ပြည်​တော်​ကို အ​မွေ​ခံ၍ အ​စဉ်​အ​မြဲ​နေ​ရ​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ၏​နှုတ်​သည် ပ​ညာ​ကို​မြွက်​ဆို​တတ်၏။ သူ၏​လျှာ​သည်​လည်း တ​ရား​သော​စ​ကား​ကို ပြော​ဆို​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​သည် သူ၏​စိတ်​နှ​လုံး​ထဲ​မှာ တည်​သည်​ဖြစ်၍၊ သူ​သွား​သော​အ​ခါ မ​ချော်​မ​လဲ​ရ။ မ​တ​ရား​သော​သူ​သည် ဖြောင့်​မတ်​သော​သူ​ကို ချောင်း​မြောင်း၍ သတ်​ခြင်း​ငှာ ရှာ​ကြံ​တတ်၏။ သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ၏​လက်၌ ဖြောင့်​မတ်​သော​သူ​ကို စွန့်​ပစ်​တော်​မူ​မည် မ​ဟုတ်။ အ​စစ်​ခံ​ရ​သော​အ​ခါ အ​ပြစ်​စီ​ရင်​တော်​မူ​မည် မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်၍၊ လမ်း​တော်​ကို လျှောက်​သွား​လော့။ ပြည်​တော်​ကို အ​မွေ​ခံ​ရ​သော​အ​ခွင့်​နှင့် ချီး​မြှောက်​တော်​မူ​မည်။ မ​တ​ရား​သော​သူ​တို့ ဆုံး​ရှုံး​ခြင်း​ကို သင်​သည် ကြည့်​မြင်​ရ​လိမ့်​မည်။ မ​တ​ရား​သော​သူ​သည် အ​စိုး​တ​ရ​ပြု၍၊ ပေါက်​ရင်း​အ​ရပ်​မှာ ကြီး​ပွား​သော သစ်​ပင်​လန်း​လန်း​ရှိ​သ​ကဲ့​သို့၊ ကိုယ်​ကို​ကိုယ်​ပြန့်​ပွား​စေ​သည်​ကို ငါ​မြင်​ရ​သော်​လည်း၊ နောက်​တစ်​ဖန်​သူ​သည် ရွေ့​သွား၍ ကွယ်​ပျောက်၏။ သူ့​ကို​လည်း ငါ​ရှာ၍​မ​တွေ့​ရ။

​ဆာလံ 37:24-36 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။