YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 35

35
ကူ​မ​တော်​မူ​ရန်​ဆု​တောင်းခြင်း
1အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၌ ဆန့်​ကျင်​ဘက်​ပြု​သော​သူ​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို စစ်​တိုက်​သော​သူ​တို့​ကို တိုက်​တော်​မူ​ပါ။ 2ဒိုင်း​လွှား​ကို​ကိုင်၍ အ​ကျွန်ုပ်​ကို​ကူ​ညီ​ခြင်း​ငှာ ထ​တော်​မူ​ပါ။ 3အ​ကျွန်ုပ်​ကို လိုက်​သော​သူ​တို့​ရှေ့၌ လှံ​တော်​ကို​ရွယ်၍ ဆီး​တား​တော်​မူ​ပါ။ ငါ​သည် သင်၌​ချမ်း​သာ​ပေး​သော သူ​ပေ​တည်း​ဟု အ​ကျွန်ုပ်၏​ဝိ​ညာဉ်​အား မိန့်​တော်​မူ​ပါ။ 4အ​ကျွန်ုပ်​အ​သက်​ကို ရှာ​သော​သူ​တို့​သည် အ​ရှက်​ကွဲ၍ မျက်​နှာ​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​ကို အ​န္တ​ရာယ်​ပြု​မည်​ဟု ကြံ​စည်​သော​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ၍ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ကြ​ပါ​စေ​သော။ 5ထို​သူ​တို့​သည် လေ​တိုက်​သော​ဖွဲ​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား၏​တ​မန်​သည်​လည်း သူ​တို့​ကို လှဲ​ပါ​စေ​သော။ 6သူ​တို့​သွား​သော​လမ်း​သည် မိုက်​သော​လမ်း၊ ချော​သော​လမ်း ဖြစ်​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား၏ တ​မန်​သည်​လည်း သူ​တို့​ကို လိုက်​ပါ​စေ​သော။ 7အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​အ​ဖို့ ကျော့​ကွင်း​ကို ဝှက်​ထား​ကြ​ပါ​ပြီ။ အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​အ​သက်​ကို သတ်​စ​ရာ​ဖို့​တွင်း​ကို တူး​ကြ​ပါ​ပြီ။ 8ထို​သို့​သော​သူ​သည် အ​မှတ်​တ​မဲ့​ပျက်​စီး​ခြင်း​သို့ ရောက်​ပါ​စေ​သော။ မိ​မိ​ဝှက်​ထား​သော ကျော့​ကွင်း​သည် မိ​မိ​ကို ကျော့​မိ​ပါ​စေ​သော။ မိ​မိ​တွင်း​ထဲ​သို့ မိ​မိ​ကျ​ပါ​စေ​သော။ 9သို့​ဖြစ်​လျှင်၊ ငါ၏​ဝိ​ညာဉ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ခြင်း​ရှိ​လိမ့်​မည်။ ကယ်​တင်​တော်​မူ​ခြင်း အ​ကြောင်း​ကို​လည်း အ​မှီ​ပြု၍ စိတ်​ရွှင်​လန်း​မြူး​ထူး​ခြင်း​ရှိ​လိမ့်​မည်။ 10အ​ကျွန်ုပ်​အ​ရိုး ရှိ​သ​မျှ​တို့​က​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​စိုး​တ​ရ​ပြု​သော​သူ၏​လက်​မှ ဆင်း​ရဲ​သား​ကို နုတ်​တော်​မူ၍၊ လု​ယူ​ဖျက်​ဆီး​တတ်​သော​သူ၏​လက်၌ ဆင်း​ရဲ​ငတ်​မွတ်​လျက် ခံ​နေ​ရ​သော​သူ​ကို ချမ်း​သာ​ပေး​တော်​မူ​တတ်​သော ကိုယ်​တော်​နှင့် အ​ဘယ်​သူ​တူ​ပါ​သ​နည်း​ဟု လျှောက်​ဆို​ကြ​မည်။
11မ​မှန်​သော​သက်​သေ​တို့​သည် ပေါ်​လာ၍၊ ငါ​မ​သိ​သော​မှု​ပြစ်​တို့​ကို ငါ့​အ​ပေါ်​မှာ တင်​ကြ၏။ 12ငါ​ပြု​သော​ကျေး​ဇူး​အ​တွက် သူ​တို့​သည် ငါ့​အ​သက်​ကို လု​ယူ​ခြင်း​တည်း​ဟူ​သော မ​ကောင်း​သော​အ​ရာ​ကို ဆပ်​ပေး​ကြ၏။ 13ငါ​မူ​ကား၊ သူ​တို့၌ အ​နာ​ရော​ဂါ​စွဲ​သော​အ​ခါ၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​ဆင်​လျက် အ​စာ​ကို​ရှောင်၍ ခြိုး​ခြံ​စွာ ကျင့်​လေ၏။ ကိုယ်​ရင်​ခွင်​ကို မျက်​နှာ​ပြု​လျက် ဆု​တောင်း​လေ၏။ 14သူ​တို့​ကို ငါ၏​မိတ်​ဆွေ၊ ငါ၏​ညီ​အစ်​ကို​ကဲ့​သို့ သ​ဘော​ထား၍ ငါ​ပြု၏။ ကိုယ်​အ​မိ​ကို​အောက်​မေ့၍၊ စိတ်​မ​သာ​ညည်း​တွား​သော​သူ​ကဲ့​သို့ ကြမ်း​တမ်း​သော​အ​ဝတ်​ကို ဝတ်​လျက် တ​မှိုင်​မှိုင်​နေ​လေ၏။ 15ငါ​လဲ​သော​အ​ခါ​မူ​ကား၊ သူ​တို့​သည် ဝမ်း​မြောက်၍ စည်း​ဝေး​ကြ၏။ ရိုက်​ပုတ်​သော​သူ​တို့​သည် ငါ့​တစ်​ဖက်၌ စည်း​ဝေး​ကြ၏။ သူ​တို့​ကို​လည်း ငါ​မ​သိ​ရ။ မ​ရပ်​မ​နား​ဘဲ ငါ့​ကို​ဆွဲ​ဖြတ်​ကြ၏။ 16ပွဲ၌​ခ​စား​တတ်​သော လူ​ဆိုး​တို့​နှင့်​အ​တူ ငါ့​ကို အံ​သွား​ခဲ​ကြိတ်​ကြ၏။
17အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​ကြည့်​ရှု၍ နေ​တော်​မူ​မည်​နည်း။ အ​ကျွန်ုပ်​အ​သက်​ကို သူ​တို့​ပြု​သော ဘေး​ဥ​ပဒ်​မှ​လည်း​ကောင်း၊ အ​ကျွန်ုပ်​အ​ချစ်​ဆုံး​ကို ခြင်္သေ့​တို့​မှ​လည်း​ကောင်း ကယ်​လွှတ်​တော်​မူ​ပါ။ 18ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု မ​ဟာ​ပ​ရိ​သတ်​အ​လယ်​မှာ အ​ကျွန်ုပ်​ဝန်​ခံ​ပါ​မည်။ များ​စွာ​သော​လူ​စု​တွင် ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ 19မ​ဟုတ်​မ​မှန်​ဘဲ အ​ကျွန်ုပ်​ကို ရန်​ဘက်​ပြု​သော သူ​တို့​သည် အောင်​ပွဲ​ကို မ​ခံ​ကြ​ပါ​စေ​နှင့်။ အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို​မုန်း​သော သူ​တို့​လည်း မျက်​စိ​စွေ​ပြ​ခြင်း​ကို မ​ပြု​ကြ​ပါ​စေ​နှင့်။#ဆာ၊ ၆၉:၄။ ယော၊ ၁၅:၂၅။ 20အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အ​မှု​ငြိမ်း​စေ​သော စ​ကား​ကို မ​ပြော​ကြ​ပါ။ ငြိမ်​ဝပ်​စွာ​နေ​သော ပြည်​သား​တို့​တစ်​ဖက်၌ လျှို့​ဝှက်​သော​အ​မှု​များ​ကို ကြံ​စည်​ကြ​ပါ၏။ 21အ​ကျွန်ုပ်​ကို​ပါး​စပ်​ဟ၍ အေ့​ဟေ၊ အေ့​ဟေ၊ ငါ​တို့​သည် ကိုယ်​မျက်​စိ​နှင့်​မြင်​ရ​ပြီ​ဟု ဆို​ကြ​ပါ၏။
22အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သိ​မြင်​တော်​မူ၏။ အို​ဘု​ရား​ရှင်၊ တိတ်​ဆိတ်​စွာ နေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ 23အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်၏​အ​ရှင်၊ အ​ကျွန်ုပ်၌​ရောက်​သော​အ​မှု​ကို စီ​ရင်​တော်​မူ​မည်​အ​ကြောင်း ကိုယ်​ကို​နှိုး​ဆော်၍ ထ​တော်​မူ​ပါ။ 24အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​တော်​မူ​ခြင်း​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​အ​မှု​ကို ဆုံး​ဖြတ်​တော်​မူ​ပါ။ သူ​တို့​သည် အ​ကျွန်ုပ်​ကို​နိုင်၍ ဝမ်း​မ​မြောက်​ကြ​ပါ​စေ​နှင့်။ 25အဲ၊ ငါ​တို့​အ​လို​ပြည့်​စုံ​ပြီ​ဟု မ​အောက်​မေ့​ကြ​ပါ​စေ​နှင့်။ ငါ​တို့​သည် သူ့​ကို​မျို​ပြီ​ဟု၊ မ​ပြော​ကြ​ပါ​စေ​နှင့်။ 26အ​ကျွန်ုပ်၌ ဘေး​ရောက်​သည်​အ​ကြောင်း​ကို ဝမ်း​မြောက်​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ၍ မျက်​နှာ​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​တစ်​ဖက်၌ ကိုယ်​ကို ချီး​မြှောက်​တတ်​သော သူ​တို့​အ​ပေါ်​မှာ အ​သ​ရေ​ပျက်​ခြင်း​နှင့် ရှက်​ကြောက်​ခြင်း သက်​ရောက်​ပါ​စေ​သော။ 27အ​ကျွန်ုပ်၏​ဟုတ်​မှန်​ခြင်း​ဘက်၌ နေ​သော​သူ​တို့​သည် ရွှင်​လန်း​စွာ​သီ​ချင်း​ဆို၍ ဝမ်း​မြောက်​ကြ​ပါ​စေ​သော။ မိ​မိ​ကျွန်၌ ချမ်း​သာ​တိုး​ပွား​ခြင်း​အ​ကြောင်း​ကို နှစ်​သက်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း​ဟု၊ သူ​တို့​သည် အ​စဉ်​မ​ပြတ် မြွက်​ဆို​ကြ​ပါ​စေ​သော။ 28အ​ကျွန်ုပ်​သည်​လည်း၊ ကိုယ်​တော်၏ ဖြောင့်​မတ်​တော်​မူ​ခြင်း​အ​ကြောင်း​အ​ရာ​ကို မြွက်​ဆို၍ အ​စဉ်​မ​ပြတ် ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 35: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ