YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 28

28
ကူ​မ​တော်​မူ​ရန်​ဆု​တောင်း
1အ​ကျွန်ုပ်၏​ကျောက်​ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​အော်​ဟစ်​ပါ၏။ မ​ထူး​ဘဲ​နေ​တော်​မ​မူ​ပါ​နှင့်။ မ​ထူး​ဘဲ​နေ​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​သည် သင်္ချိုင်း​တွင်း​ထဲ​သို့ ဆင်း​သော​သူ​ကဲ့​သို့ ဖြစ်​ရ​ပါ​မည်။ 2အ​ကျွန်ုပ်​သည် သန့်​ရှင်း​သော​ဗျာ​ဒိတ်​ဌာ​န​တော်​သို့ လက်​ကို​ချီ၍၊ ကိုယ်​တော်​ကို အော်​ဟစ်​သော​အ​ခါ၊ အ​ကျွန်ုပ် တောင်း​လျှောက်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။ 3အိမ်​နီး​ချင်း၏​အ​ကျိုး​ကို ဖျက်​ဆီး​လို​သော စိတ်​နှ​လုံး​ရှိ​သည်​နှင့်၊ လော​က​ဝတ်​စ​ကား​ကို ပြော​တတ်​သော​သူ​တည်း​ဟူ​သော ဆိုး​ယုတ်​သော​အ​မှု၊ မ​တ​ရား​သော​အ​မှု​ကို ပြု​တတ်​သော​သူ​တို့​နှင့်​အ​တူ အ​ကျွန်ုပ်​ကို သွေး​ဆောင်​တော်​မ​မူ​ပါ​နှင့်။ 4သူ​တို့​ကျင့်​သော အ​ကျင့်​ဓ​လေ့​ဆိုး​ယုတ်​သည်​နှင့်​အ​ညီ၊ အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​ပါ။ သူ​တို့​ပြု​မူ​သည် အ​တိုင်း​ဆပ်​ပေး၍၊ အ​ပြစ်​နှင့်​အ​လျောက် စီ​ရင်​တော်​မူ​ပါ။#ဗျာ၊ ၂၂:၁။ 5သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို​လည်း​ကောင်း၊ လက်​တော်​နှင့် ပြု​ပြင်​တော်​မူ​ရာ​ကို​လည်း​ကောင်း မ​မှတ်​ကြ​သော​ကြောင့်၊ တည်​ဆောက်​တော်​မ​မူ၊ ဖြို​ဖျက်​တော်​မူ​မည်။
6ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ 7ငါ​တောင်း​လျှောက်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ခွန်​အား​ဗ​လ၊ ငါ၏ အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။ ငါ့​နှ​လုံး​သည် ထို​ဘု​ရား​ကို ကိုး​စား၍၊ ငါ့​ကို​စောင့်​မ​တော်​မူ​သော​ကြောင့်၊ ငါ့​နှ​လုံး​သည်​ရွှင်​လန်း​လျက်​ရှိ၏။ သီ​ချင်း​ဆို​လျက် ဂုဏ်​တော်​ကို​ငါ​ချီး​မွမ်း​မည်။ 8ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​စု၏​ခွန်​အား​ဗ​လ​ဖြစ်​တော်​မူ၏။ အ​ထံ​တော်၌ ဘိ​သိက်​ခံ​သော​သူ၏ ကယ်​တင်​ခြင်း​အ​ကြောင်း​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​တော်​မူ၏။ 9ကိုယ်​တော်၏​လူ​စု​ကို​ကယ်​တင်၍၊ အ​မွေ​တော်​ကို ကောင်း​ချီး​မင်္ဂ​လာ​ပေး​တော်​မူ​ပါ။ သူ​တို့​ကို အုပ်​ထိန်း၍၊ ထာ​ဝ​ရ​ချီး​မြှောက်​ခြင်း ရှိ​စေ​တော်​မူ​ပါ။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 28: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။