YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 25:1-10

ဆာလံ 25:1-10 JBMLE

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​တ​သ​လျက်​နေ​ပါ၏။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခို​လှုံ​သည်​ဖြစ်၍၊ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ပါ​စေ​နှင့်။ အ​ကျွန်ုပ်၏ ရန်​သူ​တို့​သည် အ​ကျွန်ုပ်​ကို​အောင်၍ အောင်​ပွဲ​ကို​မ​ခံ​ပါ​စေ​နှင့်။ အ​ကယ်​စင်​စစ် ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ​ကြ​ပါ။ အ​ကြောင်း​မ​ရှိ​ဘဲ သ​စ္စာ​ကို​ဖျက်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​သို့ ရောက်​ရ​ကြ​ပါ​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​တို့​ကို အ​ကျွန်ုပ်​အား ပြ​ညွှန်၍၊ ခ​ရီး​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။ ကိုယ်​တော်၏​သ​မ္မာ​တ​ရား​ကို​ပြ၍၊ အ​ကျွန်ုပ်​ကို သွန်​သင်​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ကယ်​တင်​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို အ​စဉ်​မျှော်​လင့်​လျက်​နေ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ရှေး​ကာ​လ​မှ​စ၍၊ ပြ​တော်​မူ​သော က​ရု​ဏာ​နှင့် မေ​တ္တာ​သ​ဘော​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် အ​သက်​အ​ရွယ်​ငယ်​စဉ်၊ ပြစ်​မှား​မိ​သော အ​ပြစ်​တို့​ကို​အောက်​မေ့​တော်​မ​မူ​ပါ​နှင့်။ ကောင်း​မြတ်​တော်​မူ​သည် ဖြစ်၍၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို​အောက်​မေ့​တော်​မူ​ပါ ထာ​ဝ​ရ​ဘု​ရား။ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​သော​သ​ဘော၊ ဖြောင့်​မတ်​သော​သ​ဘော​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ အ​ပြစ်​ရှိ​သော​သူ​တို့​ကို လမ်း​ပြ​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို တ​ရား​လမ်း၌ သွေး​ဆောင်​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​အား ခ​ရီး​တော်​တို့​ကို သွန်​သင်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​လမ်း​ခ​ရီး​ရှိ​သ​မျှ​တို့​သည် ပ​ဋိ​ညာဉ်​တ​ရား​တော်​နှင့် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​သော​သူ​တို့​အား က​ရု​ဏာ​နှင့် သ​စ္စာ​ဖြစ်​ကြ​သ​တည်း။