YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 20

20
အောင်​ပွဲ​ခံ​ရာ​ဆု​တောင်း
1ဘေး​အ​န္တ​ရာယ်​ရောက်​သော​ကာ​လ၌၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​စ​ကား​ကို​နား​ထောင်၍၊ ယာ​ကုပ်၏ ဘု​ရား​သ​ခင်​နာ​မ​တော်​သည် ချီး​မြှောက်​တော်​မူ​ပါ​စေ​သော။ 2သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​က​ကူ​ညီ၍၊ ဇိ​အုန်​တောင်​ပေါ်​က ထောက်​ပင့်​တော်​မူ​ပါ​စေ​သော။ 3ကိုယ်​တော်၏​ပူ​ဇော်​သ​ကာ​အ​လုံး​စုံ​တို့​ကို အောက်​မေ့၍၊ မီး​ရှို့​သော​ယဇ်​ကို လက်​ခံ​တော်​မူ​ပါ​စေ​သော။ 4ကိုယ်​တော်၏​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပေး​သ​နား၍၊ အ​ကြံ​အ​စည်​တော်​ရှိ​သ​မျှ​တို့​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​စေ​သော။ 5ကိုယ်​တော်၏​ကယ်​တင်​ခြင်း​ကြောင့် အ​ကျွန်ုပ်​တို့​သည်​ဝမ်း​မြောက်၍၊ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်၏​အ​ခွင့်​နှင့် အ​လံ​ကို​ထူ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ဆု​တောင်း​သ​မျှ​အ​တိုင်း ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။
6ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​သူ​အား၊ ကယ်​တင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ လက်​ယာ​လက်​တော် ကယ်​တင်​ခြင်း​အ​စွမ်း​နှင့် ထို​သူ၏​စ​ကား​ကို သန့်​ရှင်း​သော ကောင်း​ကင်​ပေါ်​မှာ နား​ထောင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ယ​ခု​ငါ​သိ၏။ 7အ​ချို့​သော​သူ​တို့​သည် ရ​ထား​ကို​လည်း​ကောင်း၊ အ​ချို့​တို့​သည် မြင်း​ကို​လည်း​ကောင်း၊ ချီး​မွမ်း​တတ်​ကြ၏။ ငါ​တို့​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ 8သူ​တို့​သည်​နှိမ့်​ချ၍ လဲ​လျက်​ရှိ​ကြ၏။ ငါ​တို့​မူ​ကား၊ ထ၍ မတ်​တတ်​နေ​ကြ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ မင်း​ကြီး​ကို ကယ်​တင်​တော်​မူ​ပါ။ 9အ​ကျွန်ုပ်​တို့​ခေါ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 20: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။