YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 18:25-50

ဆာလံ 18:25-50 JBMLE

သ​နား​တတ်​သော​သူ​အား ကိုယ်​တော်​သည် သ​နား​ခြင်း​သ​ဘော​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​သူ​အား ဖြောင့်​မတ်​ခြင်း သ​ဘော​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သော​သူ​အား သန့်​ရှင်း​ခြင်း​သ​ဘော​ကို​လည်း​ကောင်း၊ ဆန့်​ကျင်​သော​သူ​အား ဆန့်​ကျင်​သော​သ​ဘော​ကို​လည်း​ကောင်း ပြ​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို ကိုယ်​တော်​သည်​ကယ်​တင်၍၊ ထောင်​လွှား​သော မျက်​နှာ​ကို​မူ​ကား ရှုတ်​ချ​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ မီး​ခွက်​ကို​ထွန်း၍၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်၏​မှောင်​မိုက်​ကို လင်း​စေ​တော်​မူ၏။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို အ​မှီ​ပြု၍၊ တပ်​ကို​ဖျက်​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် မြို့​ရိုး​ကို​ကျော်၍ ဝင်​ပါ​ပြီ။ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သော​အ​မှု​သည် စုံ​လင်၏။ ထာ​ဝ​ရ​ဘု​ရား၏​သ​စ္စာ​တော်​သည် အ​စစ်​ခံ၍​တည်၏။ ခို​လှုံ​သော သူ​အ​ပေါင်း​တို့၏ အ​ကွယ်​အ​ကာ​ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​သ​ခင်​ရှိ​သ​နည်း။ ငါ​တို့ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​မည်​သော​ကျောက် ရှိ​သ​နည်း။ ထို​ဘု​ရား​သ​ခင်​သည် ငါ့​ကို​ခွန်​အား​ခါး​ပန်း​နှင့် စည်း၍ ငါ​သွား​ရာ​လမ်း​ကို ဖြောင့်​စေ​တော်​မူ၏။ ငါ့​ခြေ​ကို သ​မင်​ခြေ​ကဲ့​သို့ လျင်​မြန်​စေ၍၊ ငါ၏​မြင့်​ရာ​အ​ရပ်​ပေါ်​မှာ ငါ့​ကို​တင်​ထား​တော်​မူ၏။ ငါ့​လက်​ကို စစ်​မှု၌​လေ့​ကျက်​စေ​ခြင်း​ငှာ သွန်​သင်​တော်​မူ၍၊ ကြေး​ဝါ​လေး​ကို ငါ့​လက်​ရုံး​နှင့် ငါ​တင်​နိုင်​၏။ ကိုယ်​တော်​သည် ကယ်​တင်​တော်​မူ​ခြင်း ဒိုင်း​လွှား​ကို​အပ်၍၊ လက်​ယာ​လက်​တော်​အား​ဖြင့် မ​စ​တော်​မူ၏။ သည်း​ခံ​တော်​မူ​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​သည်​ချီး​မြှောက်​ခြင်း​သို့ ရောက်​ပါ၏။ အ​ကျွန်ုပ်​သွား​သော​လမ်း​ကို​ရှင်း​လင်း၍ ခြေ​မ​ချော်​စေ​ခြင်း​ငှာ ပြု​တော်​မူ​သော​အား​ဖြင့်၊ အ​ကျွန်ုပ်​သည် ရန်​သူ​တို့​ကို​လိုက်၍ မီ​သ​ဖြင့်၊ သူ​တို့​ကို မ​ပယ်​ရှင်း​မီ​တိုင်​အောင် မ​ပြန်​ပါ။ သူ​တို့​သည် အ​ကျွန်ုပ်​ခြေ​အောက်​မှာ​လဲ​လျက်​ရှိ၍ မ​ထ​နိုင်​အောင် အ​ကျွန်ုပ်​သည်​နှိပ်​နင်း​ပါ၏။ အ​ကြောင်း​မူ​ကား၊ စစ်​တိုက်​ခြင်း​ငှာ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ခွန်​အား​ခါး​ပန်း​နှင့်​စည်း၍၊ အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့​ကို အ​ကျွန်ုပ်​အောက်​မှာ လှဲ​တော်​မူ၏။ အ​ကျွန်ုပ်​ကို မုန်း​သော​ရန်​သူ​တို့၏​လည်​ပင်း​ကို အ​ကျွန်ုပ်၌​အပ်၍၊ ဖျက်​ဆီး​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ သူ​တို့​သည် အော်​ဟစ်​ကြ​သော​အ​ခါ၊ ကယ်​တင်​သော​သူ မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော်​လည်း ထူး​တော်​မ​မူ။ ထို​အ​ခါ အ​ကျွန်ုပ်​သည် သူ​တို့​ကို လေ​တိုက်​သော​မြေ​မှုန့်​ကို​ကဲ့​သို့၊ ညက်​ညက်​ချေ​ပြီး​မှ၊ လမ်း၌​အ​မှိုက်​ကို​ကဲ့​သို့ သွန်​ပစ်​လေ၏။ လူ​စု​တို့​သည် ဆိုင်​ပြိုင်​တိုက်​လှန်​ခြင်း​မှ အ​ကျွန်ုပ်​ကို​ကယ်​လွှတ်၍၊ တစ်​ပါး​အ​မျိုး​သား​တို့၏ အ​ကဲ​အ​မှူး​အ​ရာ၌ ခန့်​ထား​တော်​မူ​သော​အား​ဖြင့်၊ အ​ကျွန်ုပ်​မ​သိ​ဖူး​သော လူ​စု​သည် အ​ကျွန်ုပ်​ထံ၌ ကျွန်​ခံ​ပါ၏။ အ​ကျွန်ုပ်​စ​ကား​သံ​ကို ကြား​သည်​ခ​ဏ​ချင်း​တွင် နား​ထောင်​ပါ၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​ကို တောင်း​ပန်​ကြ​ပါ၏။ ညှိုး​နွမ်း​သည်​ဖြစ်၍ ခို​လှုံ​ရာ​အ​ရပ်​ထဲ​က တုန်​လှုပ်​လျက် ထွက်​ကြ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သည်​ဖြစ်၍၊ ငါ၏​ကျောက်၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း။ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်၌ ချီး​မြှောက်​ခြင်း​ရှိ​ပါ​စေ​သ​တည်း။ ငါ့​ဘက်၌ တ​ရား​သ​ဖြင့်​စီ​ရင်၍၊ လူ​စု​တို့​ကို ငါ့​အောက်​မှာ နှိမ့်​ချ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။ ရန်​သူ​တို့​လက်​မှ ငါ့​ကို​ကယ်​လွှတ်​တော်​မူ၏။ အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့​အ​ပေါ်​သို့ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မြှောက်​တင်၍၊ လု​ယူ​ဖျက်​ဆီး​တတ်​သော​သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ၏။ ထို​ကြောင့် အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း၍၊ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။ ဘု​ရား​သ​ခင်​သည် မိ​မိ​ခန့်​ထား​သော​မင်း​ကြီး​ကို အ​ထူး​သ​ဖြင့် ကယ်​လွှတ်​တော်​မူ၏။ ဘိ​သိက်​တော်​ကို​ခံ​ရ​သော ဒါ​ဝိဒ်​မှ​စ၍ အ​မျိုး​အ​နွယ်​အား ကာ​လ​အ​စဉ်​အ​ဆက် က​ရု​ဏာ​ကျေး​ဇူး​ကို​ပြု​တော်​မူ၏။