YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 17:6-9

ဆာလံ 17:6-9 JBMLE

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် နား​ထောင်​တော်​မူ​တတ်​သော​ကြောင့် အ​ကျွန်ုပ်​သည်​တောင်း​လျှောက်​ပါ၏။ နား​တော်​ကို​လှည့်၍ အ​ကျွန်ုပ်​စ​ကား​ကို နာ​ယူ​တော်​မူ​ပါ။ ကိုယ်​တော်​ကို ခို​လှုံ​သော​သူ​တို့​ကို သူ​ပုန်​တို့​လက်​မှ၊ လက်​ယာ​လက်​တော်​အား​ဖြင့် ကယ်​နုတ်​တော်​မူ​သော​ဘု​ရား၊ ထူး​ဆန်း​သော မေ​တ္တာ​ကျေး​ဇူး​တော်​ကို ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​လူ​ဆိုး​တည်း​ဟူ​သော အ​ကျွန်ုပ်​ကို ဝိုင်း၍​သတ်​လို​သော ရန်​သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို လွတ်​စေ​ခြင်း​ငှာ၊ မျက်​ဆန်​ကဲ့​သို့ အ​ကျွန်ုပ်​ကို​စောင့်​မ​တော်​မူ​ပါ။ အ​တောင်​တော်​အ​ရိပ်​ထဲ​မှာ ဖုံး​အုပ်​တော်​မူ​ပါ။