YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 16:5-11

ဆာလံ 16:5-11 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် ငါ​အ​မွေ​ခံ​ရာ​အ​ဖို့၊ ငါ​စား​သောက်​ရာ​အ​ဖို့ ဖြစ်​တော်​မူ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​မွေ​အ​နှစ်​ကို စောင့်​ရှောက်​တော်​မူ၏။ ငါ​ပိုင်​ထိုက်​သော နယ်​နိ​မိတ်​သည် သာ​ယာ​သော​အ​ရပ်​တွင်​ကျ၍၊ ကောင်း​မွန်​သော အ​မွေ​ကို ငါ​ခံ​ရ​ပြီ။ ငါ့​ကို​ပြု​စု​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​မည်။ ည​အ​ချိန်၌​ပင် ငါ့​နှ​လုံး​သည် ငါ့​ကို​နှိုး​ဆော်​တတ်၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​မ​ပြတ် မျက်​မှောက်​ပြု၏။ အ​ကြောင်း​မူ​ကား၊ ငါ​လက်​ယာ​ဘက်၌ တည်​ရှိ​တော်​မူ​သည်​ဖြစ်၍၊ ငါ​သည်​လှုပ်​ရှား​ခြင်း​မ​ရှိ​ရ။ ထို​ကြောင့် ငါ့​စိတ်​နှ​လုံး​သည်​သာ​ယာ​ခြင်း၊ ငါ့​ဝိ​ညာဉ်​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ၏။ ထို​မှ​တစ်​ပါး၊ ငါ့​အ​သား​သည် မျှော်​လင့်​လျက် ကျိန်း​ဝပ်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ၌ ပစ်​ထား​တော်​မ​မူ။ ကိုယ်​တော်၏ သန့်​ရှင်း​သော​သူ​အား​လည်း ပုပ်​စပ်​ခြင်း​ကို​ရှိ​စေ​တော်​မ​မူ​ဘဲ​လျက်၊ အ​သက်​ရှင်​ခြင်း​လမ်း​ကို ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ အ​ထံ​တော်၌ စုံ​လင်​သော​ဝမ်း​မြောက်​ခြင်း​အ​ခွင့်​နှင့် လက်​ယာ​တော်​နား​မှာ အ​စဉ်​အ​မြဲ​ပျော်​မွေ့​ခြင်း​အ​ခွင့်​ရှိ​ပါ၏။