YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 16:1-8

ဆာလံ 16:1-8 JBMLE

အ​ကျွန်ုပ်​ကို စောင့်​မ​တော်​မူ​ပါ​ဘု​ရား။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခို​လှုံ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​သ​ခင် ဖြစ်​တော်​မူ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို အ​ကျွန်ုပ်​လျှောက်​ဆို​ပါ​ပြီ။ ကျေး​ဇူး​တော်​မှ​တစ်​ပါး အ​ခြား​သော​မင်္ဂ​လာ​သည် အ​ကျွန်ုပ်၌ မ​ရှိ​ပါ။ ပြည်​တော်၌​နေ​သော​သန့်​ရှင်း​သူ​နှင့် ထူး​ဆန်း​သော​သူ​တို့​ကို​သာ နှစ်​သက်​ပါ၏။ အ​ခြား​သော​လမ်း​သို့ လိုက်​ပြေး​သော​သူ​တို့​သည် များ​စွာ​သော​ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ ငါ​သည် သူ​တို့​သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​အ​သွေး​ကို မ​လှူ​မ​ဆက်​လို။ သူ​တို့​ဘု​ရား၏​နာ​မ​ကို မ​မြွက်​လို။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​အ​မွေ​ခံ​ရာ​အ​ဖို့၊ ငါ​စား​သောက်​ရာ​အ​ဖို့ ဖြစ်​တော်​မူ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​မွေ​အ​နှစ်​ကို စောင့်​ရှောက်​တော်​မူ၏။ ငါ​ပိုင်​ထိုက်​သော နယ်​နိ​မိတ်​သည် သာ​ယာ​သော​အ​ရပ်​တွင်​ကျ၍၊ ကောင်း​မွန်​သော အ​မွေ​ကို ငါ​ခံ​ရ​ပြီ။ ငါ့​ကို​ပြု​စု​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​မည်။ ည​အ​ချိန်၌​ပင် ငါ့​နှ​လုံး​သည် ငါ့​ကို​နှိုး​ဆော်​တတ်၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​မ​ပြတ် မျက်​မှောက်​ပြု၏။ အ​ကြောင်း​မူ​ကား၊ ငါ​လက်​ယာ​ဘက်၌ တည်​ရှိ​တော်​မူ​သည်​ဖြစ်၍၊ ငါ​သည်​လှုပ်​ရှား​ခြင်း​မ​ရှိ​ရ။ ထို​ကြောင့် ငါ့​စိတ်​နှ​လုံး​သည်​သာ​ယာ​ခြင်း၊