YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 147:1-20

ဆာလံ 147:1-20 JBMLE

ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကောင်း​သည်​ဖြစ်၍၊ ချီး​မွမ်း​ကြ​လော့။ ငါ​တို့၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု​ခြင်း​သည် သာ​ယာ​လျောက်​ပတ်​သည်​ဖြစ်၍၊ ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တည်​ဆောက်၍၊ အ​ဝေး​သို့​နှင်​လိုက်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို စု​ဝေး​စေ​တော်​မူ၏။ စိတ်​ကြေ​မွ​သော​သူ​တို့​ကို နှစ်​သိမ့်​စေ၍၊ သူ​တို့၏​အ​နာ​ကို ကု​တော်​မူ၏။ ကြယ်​များ​ကို​ရေ​တွက်၍ အ​သီး​အ​သီး​တို့​ကို သ​မုတ်​တော်​မူ၏။ ငါ​တို့၏​ဘု​ရား​ရှင်​သည် ကြီး​မြတ်​တော်​မူ၏။ တန်​ခိုး​တော်​လည်း​ကြီး၏။ ဉာဏ်​တော်​သည် အ​န​န္တ​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို ကြွ​ပင့်၍၊ မ​တ​ရား​သော သူ​တို့​ကို​ကား၊ မြေ​ပေါ်​မှာ​လှဲ​တော်​မူ၏။ ဂုဏ်​တော်​ကို​ချီး​မွမ်း​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သီ​ချင်း​ဆို​ကြ​လော့။ စောင်း​တီး၍၊ ငါ​တို့၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။ ကောင်း​ကင်​ကို မိုး​တိမ်​များ​နှင့် ဖုံး​လွှမ်း​သ​ဖြင့်၊ မြေ​ကြီး​ဖို့ မိုး​ရေ​ကို​ပြင်​ဆင်၍၊ တောင်​များ​ပေါ်​မှာ မြက်​ပင်​ကို ပေါက်​စေ​တော်​မူ၏။ မြည်​တတ်​သော​ကျီး​ကန်း​က​လေး​မှ​စ၍၊ တိ​ရ​စ္ဆာန်​များ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ မြင်း၏​ခွန်​အား​နှင့် လူ၏​လျင်​မြန်​ခြင်း​ကို အား​ရ​နှစ်​သက်​တော်​မူ​ခြင်း​မ​ရှိ။ ကြောက်​ရွံ့​သော​သူ​နှင့် က​ရု​ဏာ​တော်​ကို​မျှော်​လင့်​သော​သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ၏။ အို​ယေ​ရု​ရှ​လင်​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​လော့။ အို​ဇိ​အုန်​မြို့၊ သင်၏​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လော့။ အ​ကြောင်း​မူ​ကား၊ သင်၏​တံ​ခါး​ကန့်​လန့်​တို့​ကို ခိုင်​မာ​စေ၍၊ သင်၏​အ​ထဲ​မှာ သား​သ​မီး​များ​ကို ကောင်း​ချီး​ပေး​တော်​မူ၏။ သင်၏ ပြည်​စွန်း​ပြည်​နား​မှာ အ​မှု​အ​ရေး​ကို​ငြိမ်း​စေ၍၊ အ​ကောင်း​ဆုံး​သော​စ​ပါး​နှင့် သင့်​ကို​ဝ​စွာ ကျွေး​မွေး​တော်​မူ၏။ မြေ​ကြီး​ပေါ်​သို့ ဗျာ​ဒိတ်​တော်​ကို​လွှတ်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​သည် အ​လျင်​အ​မြန်​ပြေး​တတ်​ပါ၏။ မိုး​ပွင့်​ကို သိုး​မွေး​ကဲ့​သို့ ချ​တော်​မူ၏။ နှင်း​ခဲ​ကို​လည်း ပြာ​ကဲ့​သို့ ဆွတ်​ဖြူ​တော်​မူ၏။ မိ​မိ​မိုး​သီး​ကို စား​နုတ်​စား​ပေါက်​ကဲ့​သို့ လွှတ်​တော်​မူ၍၊ ချမ်း​စေ​တော်​မူ​ခြင်း​ကို အ​ဘယ်​သူ​ခံ​နိုင်​သ​နည်း။ တစ်​ဖန် နှုတ်​က​ပတ်​တော်​ကို​လွှတ်၍၊ ထို​မိုး​ပွင့်​အ​စ​ရှိ​သည်​တို့​ကို အ​ရည်​ကျို​တော်​မူ၏။ မိ​မိ​လေ​ကို လာ​စေ​တော်​မူ​သ​ဖြင့်၊ ရေ​တို့​သည် စီး​ကြ၏။ နှုတ်​က​ပတ်​အ​မိန့်​တော်​ကို ယာ​ကုပ်​အ​မျိုး၌​လည်း​ကောင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​များ​ကို ဣ​သ​ရေ​လ​အ​မျိုး၌​လည်း​ကောင်း ဖော်​ပြ​တော်​မူ၏။ အ​ခြား​တစ်​ပါး​သော အ​မျိုး​သား​တို့၌ ထို​သို့​ပြု​တော်​မ​မူ။ စီ​ရင်​တော်​မူ​ချက်​များ​ကို သူ​တို့​မ​သိ​ရ​ကြ။ ဟာ​လေ​လု​ယ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။