YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 146

146
ကယ်​တင်​ရှင်​သ​ခင်​ကို​ချီး​မွမ်း​ခြင်း
1အို​ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​လော့။ 2ငါ​သည် အ​သက်​ရှင်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​မည်။ ငါ​ဖြစ်​စဉ်​ကာ​လ​ပတ်​လုံး၊ ငါ၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း​ဆို​မည်။ 3မင်း​များ​မှ​စ၍ မ​ကယ်​တင်​နိုင်​သော လူ​သား​ကို မ​ကိုး​စား​ကြ​နှင့်။ 4သူ​သည် အ​သက်​ထွက်၍ မြေ​သို့​ပြန်​သွား​တတ်၏။ ထို​နေ့​ချင်း​တွင်၊ သူ၏​အ​ကြံ​အ​စည်​တို့​သည် ပျက်​စီး​ကြ၏။ 5ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော​သူ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ 6ထို​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​နှင့်​တ​ကွ အ​ရပ်​ရပ်၌​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ သ​စ္စာ​တော်​ကို အ​စဉ်​အ​မြဲ​စောင့်​တော်​မူ၏။#တ၊ ၄:၂၄၊ ၁၄:၁၅။ 7ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​အား တ​ရား​ပြု​တော်​မူ၏။ ငတ်​မွတ်​သော​သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ချုပ်​ထား​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​ကို လွှတ်​တော်​မူ၏။ 8ထာ​ဝ​ရ​ဘု​ရား​သည် မျက်​စိ​ကန်း​သော​သူ​တို့​ကို မြင်​စေ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် နှိမ့်​ချ​သော​သူ​တို့​ကို ကြွ​ပင့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ချစ်​တော်​မူ၏။ 9ထာ​ဝ​ရ​ဘု​ရား​သည် ဧည့်​သည်​တို့​ကို စောင့်​မ​တော်​မူ၍၊ မု​ဆိုး​မ​နှင့် မိ​ဘ​မ​ရှိ​သော​သူ​တို့​ကို ထောက်​မ​တော်​မူ၏။ မ​တ​ရား​သော​သူ​တို့၏​လမ်း​ကို​ကား၊ ကွေ့​ကောက်​စေ​တော်​မူ၏။ 10အို​ဇိ​အုန်​မြို့၊ သင်၏​ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ကာ​လ​အ​စဉ်​အ​မြဲ က​မ္ဘာ​အ​ဆက်​ဆက် စိုး​စံ​တော်​မူ​လ​တ္တံ့​သ​တည်း။ ဟာ​လေ​လု​ယ။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 146: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။