YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 146:5-9

ဆာလံ 146:5-9 JBMLE

ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော​သူ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ ထို​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​နှင့်​တ​ကွ အ​ရပ်​ရပ်၌​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ သ​စ္စာ​တော်​ကို အ​စဉ်​အ​မြဲ​စောင့်​တော်​မူ၏။ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​အား တ​ရား​ပြု​တော်​မူ၏။ ငတ်​မွတ်​သော​သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ချုပ်​ထား​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​ကို လွှတ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မျက်​စိ​ကန်း​သော​သူ​တို့​ကို မြင်​စေ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် နှိမ့်​ချ​သော​သူ​တို့​ကို ကြွ​ပင့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ချစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဧည့်​သည်​တို့​ကို စောင့်​မ​တော်​မူ၍၊ မု​ဆိုး​မ​နှင့် မိ​ဘ​မ​ရှိ​သော​သူ​တို့​ကို ထောက်​မ​တော်​မူ၏။ မ​တ​ရား​သော​သူ​တို့၏​လမ်း​ကို​ကား၊ ကွေ့​ကောက်​စေ​တော်​မူ၏။