YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 146:1-7

ဆာလံ 146:1-7 JBMLE

အို​ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​လော့။ ငါ​သည် အ​သက်​ရှင်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​မည်။ ငါ​ဖြစ်​စဉ်​ကာ​လ​ပတ်​လုံး၊ ငါ၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း​ဆို​မည်။ မင်း​များ​မှ​စ၍ မ​ကယ်​တင်​နိုင်​သော လူ​သား​ကို မ​ကိုး​စား​ကြ​နှင့်။ သူ​သည် အ​သက်​ထွက်၍ မြေ​သို့​ပြန်​သွား​တတ်၏။ ထို​နေ့​ချင်း​တွင်၊ သူ၏​အ​ကြံ​အ​စည်​တို့​သည် ပျက်​စီး​ကြ၏။ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော​သူ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ ထို​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​နှင့်​တ​ကွ အ​ရပ်​ရပ်၌​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ သ​စ္စာ​တော်​ကို အ​စဉ်​အ​မြဲ​စောင့်​တော်​မူ၏။ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​အား တ​ရား​ပြု​တော်​မူ၏။ ငတ်​မွတ်​သော​သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ချုပ်​ထား​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​ကို လွှတ်​တော်​မူ၏။