YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 144

144
လွတ်​မြောက်​ခြင်း​နှင့်​လုံ​ခြုံ​ခြင်း
1ငါ၏​ကျောက်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ငါ့​လက်​သည်​စစ်​တိုက်၍၊ လက်​ချောင်း​တို့​လည်း စစ်​မှု​ကို​လေ့​ကျက်​မည်​အ​ကြောင်း သွန်​သင်​တော်​မူ၏။ 2ငါ့​ကို​သ​နား​သော​သူ၊ ငါ၏​မြို့​ရိုး၊ ငါ၏​ရဲ​တိုက်၊ ငါ့​ကို​ကယ်​လွှတ်​သော​သ​ခင်၊ ငါ၏​အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။ ထို​ဘု​ရား​သ​ခင်​ကို ငါ​ကိုး​စား၏။ ငါ၏​လူ​မျိုး​ကို ငါ့​အောက်​သို့ နှိမ့်​ချ​တော်​မူ၏။ 3အို​ထာ​ဝ​ရ​ဘု​ရား၊ လူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍၊ ကိုယ်​တော်​သည် မှတ်​တော်​မူ​ရ​သ​နည်း။ လူ​သား​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍၊ ပ​မာ​ဏ​ပြု​တော်​မူ​ရ​သ​နည်း။#ယောဘ၊ ၇:၁၇-၁၈၊ ဆာ၊ ၈:၄။ 4လူ​သည်​အ​ငွေ့​နှင့် တူ​ပါ၏။ သူ၏​နေ့​ရက်​တို့​သည် လွန်​သွား​တတ်​သော အ​ရိပ်​ကဲ့​သို့ ဖြစ်​ကြ​ပါ၏။ 5အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ မိုး​ကောင်း​ကင်​ကို ညွှတ်၍​ဆင်း​သက်​တော်​မူ​ပါ။ တောင်​တို့​ကို တို့​တော်​မူ​ပါ။ သူ​တို့​သည် မီး​ခိုး​ထွက်​ကြ​ပါ​လိမ့်​မည်။ 6လျှပ်​စစ်​ပြက်​စေ၍ လေး​မြား​တော်​တို့​ကို​ပစ်​သ​ဖြင့်၊ ရန်​သူ​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ၍ နှိပ်​စက်​တော်​မူ​ပါ။ 7အ​ထက်​အ​ရပ်​က လက်​တော်​ကို​ဆန့်၍ အ​ကျွန်ုပ်​ကို​နုတ်​တော်​မူ​ပါ။ တစ်​ခဲ​နက်​သော ရေ​ထဲ​က​လည်း​ကောင်း၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့၏ လက်​ထဲ​က​လည်း​ကောင်း၊ ဆယ်​ယူ​ကယ်​တင်​တော်​မူ​ပါ။ 8သူ​တို့၏​နှုတ်​သည် မု​သား​စ​ကား​ကို​ပြော​တတ်​ပါ၏။ သူ​တို့၏​လက်​ယာ​လက်​သည်​လည်း လှည့်​စား​တတ်​သော လက်​ဖြစ်​ပါ၏။
9အို​ဘု​ရား​သ​ခင်၊ ရှေ့​တော်၌ အ​သစ်​သော​သီ​ချင်း​ကို ဆို​ပါ​မည်။ ကြိုး​ဆယ်​ပင်​ရှိ​သော​တူ​ရိ​ယာ​နှင့် ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။ 10အောင်​မြင်​ရ​သော​အ​ခွင့်​ကို ရှင်​ဘု​ရင်​တို့​အား​ပေး​တော်​မူ၏။ ကိုယ်​တော်၏​ကျွန်​ဒါ​ဝိဒ်​ကို ဆိုး​သော​ဓား​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ၏။ 11တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့၏​လက်​မှ၊ အ​ကျွန်ုပ်​ကို​နုတ်​ယူ၍ ကယ်​တင်​တော်​မူ​ပါ။ သူ​တို့၏​နှုတ်​သည် မု​သား​စ​ကား​ကို ပြော​တတ်​ပါ၏။ သူ​တို့၏ လက်​ယာ​လက်​သည်​လည်း လှည့်​စား​တတ်​သော လက်​ဖြစ်​ပါ၏။ 12အ​ကျွန်ုပ်​တို့၏​သား​တို့​သည် အ​ရွယ်​ပျို​စဉ်​တွင်၊ ကြီး​ပွား​သော ပျိုး​ပင်​ကဲ့​သို့​လည်း​ကောင်း၊ သ​မီး​တို့​သည် ဘုံ​ဗိ​မာန်​နည်း​တူ ထု​သော တိုက်​ထောင့်​ကျောက်​တိုင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ​စေ​သော။ 13အ​ကျွန်ုပ်​တို့၏​ဘ​ဏ္ဍာ​တိုက်​တို့​သည် အ​စား​အ​သောက် အ​သုံး​အ​ဆောင်​များ​နှင့် ပြည့်​စုံ​ခြင်း၊ သိုး​တို့​သည် ပြင်​အ​ရပ်​တို့၌ အ​ထောင်​အ​သောင်း​မွေး​ဖွား​ခြင်း၊ 14နွား​တို့​သည်​လည်း ကြီး​ပွား​များ​ပြား​ခြင်း​ရှိ​ပါ​စေ​သော။ အ​နိုင်​အ​ထက်​ဝင်​ခြင်း မ​ရှိ။ သိမ်း​သွား​ခြင်း မ​ရှိ။ လမ်း​တို့၌ ကြွေး​ကြော်​မြည်​တမ်း​ခြင်း မ​ရှိ​ပါ​စေ​နှင့်။ 15ထို​သို့​နေ​သော​လူ​မျိုး​သည် မင်္ဂ​လာ​ရှိ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကြင်​လူ​မျိုး၏ ဘု​ရား​သ​ခင်​ဖြစ်၏။ ထို​လူ​မျိုး​သည် မင်္ဂ​လာ​ရှိ​ပါ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 144: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။