YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 14

14
လူ​တို့​၏​ဆိုး​ညစ်​မှု
(ဆာ၊ ၅၃:၁-၆)
1ဘု​ရား​သ​ခင်​မ​ရှိ​ဟု မိုက်​သော​သူ​သည် ထင်​တတ်​၏။ ထို​သို့​သော​သူ​တို့​သည် ဆွေး​မြေ့​ယို​ယွင်း​၍ စက်​ဆုပ်​ဖွယ်​သော အ​မှု​ကို​ပြု​တတ်​ကြ၏။ ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ 2နား​လည်​သော​သူ၊ ဘု​ရား​သ​ခင်​ကို​ရှာ​သော​သူ တစ်​စုံ​တစ်​ယောက်​ရှိ​သည် မ​ရှိ​သည်​ကို​သိ​မြင်​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ကင်​ပေါ်​က လူ​သား​တို့​ကို ငုံ့​၍​ကြည့်​ရှု​တော်​မူ​၏။ 3လူ​အ​ပေါင်း​တို့​သည် လမ်း​လွဲ​ကြ​ပြီ။ တ​ညီ​တ​ညွတ်​တည်း ဆွေး​မြေ့​ယို​ယွင်း​ခြင်း​ရှိ​ကြ​၏။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မ​ရှိ။ တစ်​ယောက်​မျှ​မ​ရှိ။#ရော၊ ၃:၁၀-၁၂။
4မုန့်​ကို​စား​သ​ကဲ့​သို့ ငါ၏​လူ​တို့​ကို​ကိုက်​စား၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​ပ​တ္ထ​နာ​မ​ပြု​သော အ​ဓ​မ္မ​လူ​အ​ပေါင်း​တို့​သည် မ​သိ​ဘဲ နေ​ရ​ကြ​သ​လော။ 5သို့​ဖြစ်၍ အ​လွန်​ကြောက်​လန့်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​သော​လူ​မျိုး​ဘက်၌ ရှိ​တော်​မူ၏။ 6နှိမ့်​ချ​လျက်​ရှိ​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ခို​လှုံ​သော​ကြောင့်၊ သင်​တို့​သည် သူ၏​အ​ကြံ​အ​စည်​ကို အ​ရှက်​ကွဲ​စေ​တတ်​ကြ​၏။ 7ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​သည်၊ ဇိ​အုန်​တောင်​ပေါ်​မှာ ပေါ်​ထွန်း​ပါ​စေ​သော။ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​လူ​မျိုး​တော်​ကို တစ်​ဖန် ထာ​ဝ​ဘု​ရား​သည် ဆောင်​ခဲ့​တော်​မူ​သော​အ​ခါ၊ ယာ​ကုပ်​သည် ဝမ်း​မြောက်​ခြင်း၊ ဣ​သ​ရေ​လ​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 14: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။