YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 132

132
တဲတော်​ကို​ကောင်းချီး​ပေးရန်
1အို​ထာ​ဝ​ရ​ဘု​ရား၊ ဒါ​ဝိဒ်​မင်း​ကို​လည်း​ကောင်း၊ သူ​ခံ​ရ​သ​မျှ​သော ဆင်း​ရဲ​ခြင်း​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ​ပါ။ 2-5ထို​မင်း​က၊ ယာ​ကုပ်​အ​မျိုး ကိုး​ကွယ်​သော တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ကို အ​ကျွန်ုပ်​သည် မ​တွေ့​မီ​တိုင်​အောင်၊ ကိုယ်​နေ​ရာ​အိမ်​သို့​မ​ဝင်၊ ကိုယ်​အိပ်​ရာ​ပေါ်​သို့​မ​တက်၊ ကိုယ်​မျက်​စိ အိပ်​ရ​မည့်​အ​ခွင့်၊ မျက်​ခမ်း​မှိတ်​ရ​မည့်​အ​ခွင့်​ကို မ​ပေး​ပါ​ဟု၊ ယာ​ကုပ်​အ​မျိုး​ကိုး​ကွယ်​သော တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု၏။ 6တဲ​တော်​သည် ဧ​ဖ​ရိမ်​ပြည်​မှာ​ရှိ​ကြောင်း​ကို ငါ​တို့​သည်​ကြား​ရ​ပြီ။ ယာ​ရိမ်​တော၌ တွေ့​ကြ​ပြီ။ 7ဘုံ​ဗိ​မာန်​တော်​သို့​ဝင်၍၊ ခြေ​တော်​တင်​ရာ ခုံ​အောက်၌ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​ကုန်​အံ့။ 8အို ထာ​ဝ​ရ​ဘု​ရား၊ ကျိန်း​ဝပ်​တော်​မူ​ရာ​သို့ ဘုန်း​တော်​နှင့်​ယှဉ်​သော ဓ​မ္မ​သေ​တ္တာ​နှင့်​တ​ကွ တက်​တော်​မူ​ပါ။ 9ကိုယ်​တော်၏ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဖြောင့်​မတ်​ခြင်း​တန်​ဆာ​ကို​ဆင်၍၊ ကိုယ်​တော်၏​သန့်​ရှင်း​သူ​တို့​သည် ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​စေ​သော။ 10ကိုယ်​တော်၏​ကျွန် ဒါ​ဝိဒ်​မင်း၏​မျက်​နှာ​ကို ထောက်​သ​ဖြင့်၊ ကိုယ်​တော်​ထံ၌ ဘိ​သိက်​ခံ​သော​သူ​ကို ငြင်း​ပယ်​တော်​မ​မူ​ပါ​နှင့်။#၆​ရာ၊ ၆:၄၁-၄၂။
11ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​အား ဓိ​ဋ္ဌာန်​ကျိန်​ဆို​ခြင်း​ကို​ပြု၍၊ သ​စ္စာ​ဖျက်​တော်​မ​မူ​သော စ​ကား​ဟူ​မူ​ကား၊ သင်၏​အ​မျိုး​အ​နွယ်​ကို သင်၏​ပ​လ္လင်​ပေါ်​မှာ ငါ​တင်​မည်။#၂ ရာ၊ ၇:၁၂-၁၆၊ ၅ ရာ၊ ၁၇:၁၁-၁၄၊ ဆာ၊ ၈၉:၃-၄၊ တ၊ ၂:၃၀။ 12သင်၏​သား​တို့​သည် ငါ့​ပ​ဋိ​ညာဉ်​တ​ရား​ကို​လည်း​ကောင်း၊ ငါ​သွန်​သင်​သော သက်​သေ​ခံ​ချက်​ကို​လည်း​ကောင်း စောင့်​ရှောက်​လျှင်၊ သူ​တို့၏​သား​များ​သည်​လည်း သင်၏​ပ​လ္လင်​ပေါ်​မှာ အ​စဉ်​အ​မြဲ​ထိုင်​ရ​ကြ​လိမ့်​မည်​ဟု ဗျာ​ဒိတ်​ထား​တော်​မူ​ပြီ။ 13ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​ကို​ရွေး​ကောက်၍၊ အ​မြဲ​နေ​တော်​မူ​ရာ​ဖို့ အ​လို​တော်​ရှိ​သည်​အ​ရာ​မှာ၊ 14ဤ​မြို့​ကား ငါ​အ​စဉ်​အ​မြဲ ကျိန်း​ဝပ်​ရာ​မြို့​တည်း။ ငါ​အ​လို​ရှိ​သည်​ဖြစ်၍၊ ဤ​မြို့၌​ငါ​နေ​မည်။ 15သူ၏​အ​စာ​အာ​ဟာ​ရ​ကို အ​ထူး​သ​ဖြင့် ကောင်း​ချီး​ပေး​မည်။ သူ၌​ဆင်း​ရဲ​သား​တို့​ကို ဝ​စွာ​ကျွေး​မည်။ 16သူ၏ ယဇ်​ပု​ရော​ဟိတ်​တို့​ကို ကယ်​တင်​ခြင်း​တန်​ဆာ​ကို ဆင်​စေ​သ​ဖြင့်၊ သူ၌​သန့်​ရှင်း​သူ​တို့​သည် ရွှင်​လန်း​သော​သီ​ချင်း​ကို ရွှင်​လန်း​စွာ ဆို​ရ​ကြ​လိမ့်​မည်။ 17ထို​မြို့၌ ဒါ​ဝိဒ်၏​ဦး​ချို​ကို ငါ​ပေါက်​စေ​မည်။ ငါ့​ထံ၌ ဘိ​သိက်​ခံ​သော​သူ​ဖို့ မီး​ခွက်​ကို ငါ​ပြင်​ဆင်​ပြီ။#၃ ရာ၊ ၁၁:၃၆။ 18ထို​အ​ရှင်၏​ရန်​သူ​များ​ကို ရှက်​ကြောက်​ခြင်း​နှင့် ငါ​ဖုံး​လွှမ်း​မည်။ သူ၏​ဦး​ရစ်​သ​ရ​ဖူ​သည် ဘုန်း​ပွင့်​လျက်​ရှိ​လိမ့်​မည်​ဟု ဗျာ​ဒိတ်​တော်​ရှိ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 132: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။