YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 129

129
ရန်​သူ​များ​ရှုံး​နိမ့်​စေ​ရန်​ဆု​တောင်း
1ငယ်​သော​အ​ရွယ်​မှ​စ၍၊ ကြိမ်​ဖန်​များ​စွာ ငါ့​ကို သူ​တစ်​ပါး​တို့​သည် ညှဉ်း​ဆဲ​ကြ​ပြီ​ဟူ​သော စ​ကား​နှင့်​ချီ၍၊ ဣ​သ​ရေ​လ​အ​မျိုး​ဆို​ရ​သော စ​ကား​ဟူ​မူ​ကား၊ 2ငယ်​သော​အ​ရွယ်​မှ​စ၍၊ ကြိမ်​ဖန်​များ​စွာ ငါ့​ကို သူ​တစ်​ပါး​တို့​သည် ညှဉ်း​ဆဲ​ကြ​ပြီ။ သို့​သော်​လည်း ငါ့​ကို​မ​နိုင်​ကြ။ 3ထွန်​သော​သူ​တို့​သည် ငါ့​ကျော​ပေါ်​မှာ​ထွန်၍၊ ရှည်​သော ထွန်​ကြောင်း​တို့​ကို ဖြစ်​စေ​ကြ၏။ 4ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​တော်​မူ၏။ မ​တ​ရား​သော​သူ​တို့၏ ကြိုး​တို့​ကို ဖြတ်​တော်​မူ​ပြီ။ 5ဇိ​အုန်​မြို့​ကို မုန်း​သော​သူ​အ​ပေါင်း​တို့​သည် ရှက်​ကြောက်၍ လှန်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ။ 6အိမ်​မိုး​ပေါ်​မှာ​ပေါက်၍၊ အ​ဘယ်​သူ​မျှ​မ​နုတ်​ဘဲ ညှိုး​နွမ်း​တတ်​သော မြက်​ပင်​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ။ 7ထို​မြက်​ပင်​ကို​ရိတ်​သော​သူ​သည် လက်​တစ်​ဆုပ်​မျှ မ​ရ။ စည်း​သော​သူ​လည်း လက်​တစ်​ပွေ့​မျှ​မ​ရ။ 8လမ်း၌ လျှောက်​သွား​သော​သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော မင်္ဂ​လာ​သက်​ရောက်​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို အ​မှီ​ပြု၍၊ သင်​တို့​ကို ကောင်း​ချီး​ပေး​ကြ၏​ဟု မ​ပြော​မ​ဆို​ရ​ကြ။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 129: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။