YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 124

124
ကွယ်​ကာ​တော်​မူ​သော​ဘု​ရား​သ​ခင်
1ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘက်​မှာ ရှိ​တော်​မ​မူ​လျှင်​ဟူ​သော စ​ကား​နှင့်​ချီ၍၊ ဣ​သ​ရေ​လ​အ​မျိုး​ဆို​ရ​သော စ​ကား​ဟူ​မူ​ကား၊ 2ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘက်​မှာ​ရှိ​တော်​မ​မူ​လျှင်၊ လူ​တို့​သည် ငါ​တို့​ရန်​ဘက်၌​နေ​ကြ​သော​အ​ခါ၊ 3အ​မျက်​ထွက်၍ ငါ​တို့​ကို အ​သက်​နှင့်​တ​ကွ မျို​ကြ​ပြီ​တ​ကား။ 4ထို​အ​ခါ ငါ​တို့​ကို ရေ​သည်၊ လွှမ်း​မိုး၍ စီး​သော​ရေ​သည် ငါ​တို့​ဝိ​ညာဉ်​အ​ပေါ်​မှာ ကျော်​သွား​ပြီ​တ​ကား။ 5စော်​ကား​သော​ရေ​တို့​သည် ငါ​တို့​အ​သက်​ဝိ​ညာဉ်​အ​ပေါ်​မှာ ကျော်​သွား​ကြ​ပြီ​တ​ကား။ 6သူ​တို့​သွား​နှင့် ကိုက်​ခဲ​ရာ​ဖို့ ငါ​တို့​ကို​အပ်​တော်​မ​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ 7ငှက်​သည် မု​ဆိုး​တို့၏​ကျော့​ကွင်း​ထဲ​က​လွတ်​သ​ကဲ့​သို့၊ ငါ​တို့​အ​သက်​သည် လွတ်​လျက်​ရှိ၏။ ကျော့​ကွင်း​ပြတ်၍ ငါ​တို့​သည် လွတ်​ကြ​ပြီ။ 8ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အား​ဖြင့်၊ ငါ​တို့​သည် မ​စ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 124: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ