YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 121

121
ကာ​ကွယ်​ခြင်း​အ​ရှင်
1ငါ့​ကို​မ​စ​ခြင်း​အ​ကြောင်း​သည် ပေါ်​ထွက်​ရ​သော​တောင်​ရိုး​သို့ ငါ​မျှော်​ကြည့်၏။ 2ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ၊ ငါ့​ကို​မ​စ​ခြင်း​အ​ကြောင်း​သည် ပေါ်​ထွက်​ရ၏။ 3သင်၏​ခြေ​ကို​ချော်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ သင့်​ကို စောင့်​သော​သူ​သည် အိပ်​တော်​မ​မူ။ 4အ​ကယ်​စင်​စစ် ဣ​သ​ရေ​လ​အ​မျိုး​ကို​စောင့်​သော​သူ​သည် ငိုက်​မျဉ်းအိပ်​ပျော်​ခြင်း ရှိ​တော်​မ​မူ။ 5ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​စောင့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​လက်​ယာ​ဘက်၌​ရှိ​သော သင်​ခို​လှုံ​ရာ အ​ရိပ်​ဖြစ်​တော်​မူ၏။ 6နေ့​အ​ချိန်၌ နေ​အား​ဖြင့်​လည်း​ကောင်း၊ ည​အ​ချိန်၌ လ​အား​ဖြင့်​လည်း​ကောင်း အ​ထိ​အ​ခိုက်​မ​ရှိ​ရာ။ 7ထာ​ဝ​ရ​ဘု​ရား​သည် မ​ကောင်း​သော​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​ကို​ကွယ်​ကာ၍၊ သင်၏​အ​သက်​ကို စောင့်​တော်​မူ​လိမ့်​မည်။ 8ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ထွက်​ခြင်း​နှင့် ဝင်​ခြင်း​တို့​ကို ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် စောင့်​တော်​မူ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 121: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ