YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:89-104

ဆာလံ 119:89-104 JBMLE

အို​ထာ​ဝ​ရ​ဘု​ရား၊ နှုတ်​က​ပတ်​တော်​သည် ကောင်း​ကင်​ဘုံ၌ အ​စဉ်​အ​မြဲ​တည်​ပါ၏။ သ​စ္စာ​တော်​သည် လူ​မျိုး​အ​ဆက်​ဆက် မြဲ​မြံ​ပါ၏။ မြေ​ကြီး​ကို တည်​စေ​တော်​မူ​သ​ဖြင့်၊ သူ​သည် အ​မြဲ​နေ​ပါ၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်၍ စီ​ရင်​တော်​မူ​သည်​နှင့်​အ​ညီ၊ ယ​နေ့​တိုင်​အောင် အ​မြဲ​နေ​ကြ​ပါ၏။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​တ​ရား၌ မွေ့​လျော်​ခြင်း​မ​ရှိ​လျှင်၊ အ​ထက်​က​ဆင်း​ရဲ​ခံ​စဉ် ပျက်​စီး​ပါ​ပြီ။ ကိုယ်​တော်၏ ဥ​ပ​ဒေ​များ​ကို အ​စဉ်​မ​မေ့​မ​လျော့​နိုင်​ပါ။ အ​ကြောင်း​မူ​ကား၊ ထို​ဥ​ပ​ဒေ​သ​များ​အား​ဖြင့်၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ၏။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ပါ၏။ ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို ရှာ​ဖွေ​လိုက်​စစ်​သော​ကြောင့် အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ​တို့​သည် စောင့်​လျက်​နေ​ကြ​ပါ၏။ သို့​သော်​လည်း၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​ဆင်​ခြင် အောက်​မေ့​ပါ​မည်။ ခပ်​သိမ်း​သော စုံ​လင်​ခြင်း၏​အ​ဆုံး​ကို အ​ကျွန်ုပ် မြင်​ပါ​ပြီ။ ပ​ညတ်​တ​ရား​တော်​မူ​ကား၊ အ​လွန်​ကျယ်​ဝန်း​ပါ၏။ ကိုယ်​တော်၏​တ​ရား​ကို အ​ကျွန်ုပ်​သည် အ​လွန် နှစ်​သက်​ပါ၏။ တစ်​နေ့​လုံး ဆင်​ခြင်​အောက်​မေ့​လျက် နေ​ပါ၏။ ပ​ညတ်​တ​ရား​တော်​သည် အ​ကျွန်ုပ်၏​ရန်​သူ​တို့​ထက်၊ အ​ကျွန်ုပ်​ကို​သာ၍ ပ​ညာ​ရှိ​စေ​ပါ၏။ ပ​ညတ်​တ​ရား​တော်​သည် အ​ကျွန်ုပ်၌ အ​စဉ်​တည်​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​သည် ဆင်​ခြင်​အောက်​မေ့​သော​ကြောင့်၊ အ​ကျွန်ုပ်၏ ဆ​ရာ​အ​ပေါင်း​တို့​ထက် သာ၍​နား​လည်​ပါ၏။ ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို စောင့်​သော​ကြောင့်၊ အ​သက်​ကြီး​သူ​တို့​ထက် သာ၍ ဉာဏ်​ကောင်း​ပါ၏။ နှုတ်​က​ပတ်​တော်​ကို စောင့်​လို​သော​ငှာ၊ မ​ကောင်း​သော​လမ်း​ရှိ​သ​မျှ​တို့​ကို လွှဲ​ရှောင်​ပါ၏။ ကိုယ်​တော်​သည် သွန်​သင်​တော်​မူ​သော​ကြောင့်၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ အ​ကျွန်ုပ်​လွှဲ၍ မ​သွား​ပါ။ မိန့်​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​အာ​ခေါင်၌ အ​လွန်​ချို​ကြ​ပါ၏။ ခံ​တွင်း​ထဲ​မှာ ပျား​ရည်​ထက်​သာ၍ ချို​ကြ​ပါ​၏။ ကိုယ်​တော်​၏ ဥ​ပ​ဒေ​သ​များ​အား​ဖြင့်၊ အ​ကျွန်ုပ်​သည် ဉာဏ်​တိုး​ပွား၍၊ မိ​စ္ဆာ​လမ်း​ရှိ​သ​မျှ​တို့​ကို မုန်း​ပါ၏။