YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:89-104

ဆာလံ 119:89-104 Judson Bible (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား၊ နှုတ်​က​ပတ်​တော်​သည် ကောင်း​ကင်​ဘုံ၌ အ​စဉ်​အ​မြဲ​တည်​ပါ၏။ သ​စ္စာ​တော်​သည် လူ​မျိုး​အ​ဆက်​ဆက် မြဲ​မြံ​ပါ၏။ မြေ​ကြီး​ကို တည်​စေ​တော်​မူ​သ​ဖြင့်၊ သူ​သည် အ​မြဲ​နေ​ပါ၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်၍ စီ​ရင်​တော်​မူ​သည်​နှင့်​အ​ညီ၊ ယ​နေ့​တိုင်​အောင် အ​မြဲ​နေ​ကြ​ပါ၏။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​တ​ရား၌ မွေ့​လျော်​ခြင်း​မ​ရှိ​လျှင်၊ အ​ထက်​က​ဆင်း​ရဲ​ခံ​စဉ် ပျက်​စီး​ပါ​ပြီ။ ကိုယ်​တော်၏ ဥ​ပ​ဒေ​များ​ကို အ​စဉ်​မ​မေ့​မ​လျော့​နိုင်​ပါ။ အ​ကြောင်း​မူ​ကား၊ ထို​ဥ​ပ​ဒေ​သ​များ​အား​ဖြင့်၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ၏။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ပါ၏။ ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို ရှာ​ဖွေ​လိုက်​စစ်​သော​ကြောင့် အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ​တို့​သည် စောင့်​လျက်​နေ​ကြ​ပါ၏။ သို့​သော်​လည်း၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​ဆင်​ခြင် အောက်​မေ့​ပါ​မည်။ ခပ်​သိမ်း​သော စုံ​လင်​ခြင်း၏​အ​ဆုံး​ကို အ​ကျွန်ုပ် မြင်​ပါ​ပြီ။ ပ​ညတ်​တ​ရား​တော်​မူ​ကား၊ အ​လွန်​ကျယ်​ဝန်း​ပါ၏။ ကိုယ်​တော်၏​တ​ရား​ကို အ​ကျွန်ုပ်​သည် အ​လွန် နှစ်​သက်​ပါ၏။ တစ်​နေ့​လုံး ဆင်​ခြင်​အောက်​မေ့​လျက် နေ​ပါ၏။ ပ​ညတ်​တ​ရား​တော်​သည် အ​ကျွန်ုပ်၏​ရန်​သူ​တို့​ထက်၊ အ​ကျွန်ုပ်​ကို​သာ၍ ပ​ညာ​ရှိ​စေ​ပါ၏။ ပ​ညတ်​တ​ရား​တော်​သည် အ​ကျွန်ုပ်၌ အ​စဉ်​တည်​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​သည် ဆင်​ခြင်​အောက်​မေ့​သော​ကြောင့်၊ အ​ကျွန်ုပ်၏ ဆ​ရာ​အ​ပေါင်း​တို့​ထက် သာ၍​နား​လည်​ပါ၏။ ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို စောင့်​သော​ကြောင့်၊ အ​သက်​ကြီး​သူ​တို့​ထက် သာ၍ ဉာဏ်​ကောင်း​ပါ၏။ နှုတ်​က​ပတ်​တော်​ကို စောင့်​လို​သော​ငှာ၊ မ​ကောင်း​သော​လမ်း​ရှိ​သ​မျှ​တို့​ကို လွှဲ​ရှောင်​ပါ၏။ ကိုယ်​တော်​သည် သွန်​သင်​တော်​မူ​သော​ကြောင့်၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ အ​ကျွန်ုပ်​လွှဲ၍ မ​သွား​ပါ။ မိန့်​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​အာ​ခေါင်၌ အ​လွန်​ချို​ကြ​ပါ၏။ ခံ​တွင်း​ထဲ​မှာ ပျား​ရည်​ထက်​သာ၍ ချို​ကြ​ပါ​၏။ ကိုယ်​တော်​၏ ဥ​ပ​ဒေ​သ​များ​အား​ဖြင့်၊ အ​ကျွန်ုပ်​သည် ဉာဏ်​တိုး​ပွား၍၊ မိ​စ္ဆာ​လမ်း​ရှိ​သ​မျှ​တို့​ကို မုန်း​ပါ၏။

ဆာလံ 119:89-104 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား" နှုတ်​က​ပတ်​တော်​သည်​ကောင်း​ကင်​ဘုံ​၌ ထာ​ဝ​စဉ်​တည်​ရှိ​ပါ​၏။ သစ္စာ​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​ရှင်​နေ​ရာ​ခ​ထား တော်​မူ​သည့်​အ​တိုင်း​တည်​လက်​ရှိ​ပါ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည်​ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​မား​ဖြစ်​သ​ဖြင့် ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော်​အ​ရ​ယ​နေ့​တိုင်​အောင် တည်​လက်​ရှိ​ကြ​ပါ​၏။ အ​ကယ်​၍​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​သည် ကွန်​တော်​မျိုး​အ​တွက်​ရ"င်​လန်း​အား​ရ​ဖွယ် မ​ဖြစ်​ပါ​မူ ကွန်​တော်​မျိုး​သည်​မိ​မိ​ခံ​ရ​သည့် ဆင်း​ရဲ​ဒုက္ခ​ကြောင့်​ပင်​လှင်​သေ​မည်​ဖြစ်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ဥ​ပ​ဒေ​သ​တော်​မား​အား​ဖြင့် ကွန်​တော်​မျိုး​အား​အ​သက်​ရှင်​စေ​တော်​မူ​သည် ဖြစ်​၍ ကွန်​တော်​မျိုး​သည်​ယင်း​တို့​ကို​အ​ဘယ်​အ​ခါ ၌​မှ လစ်​လူ​ရှု​လိမ့်​မည်​မ​ဟုတ်​ပါ။ ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​ကို​ပိုင်​တော် မူ​ပါ​၏။ သို့​ဖြစ်​၍​ကယ်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ဥ​ပ​ဒေ​သ တော် တို့​ကို​ကြိုး​စား​၍​စောင့်​ထိန်း​ပါ​၏။ သူ​ယုတ်​မာ​တို့​သည်​ကွန်​တော်​မျိုး​ကို​သတ်​ရန် စောင့်​လက်​နေ​ကြ​သော်​လည်း ကွန်​တော်​မျိုး​သည်​ပ​ညတ်​တော်​တို့​ကို အောက်​မေ့​ဆင်​ခြင်​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​မှ​ပြီး​ပြည့်​စုံ​လင်​ခြင်း မ​ရှိ​ကြောင်း​ကို​ကွန်​တော်​မျိုး​သိ​မြင်​လာ ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား တော်​ကို အ​လွန်​နှစ်​သက်​မြတ်​နိုး​ပါ​၏။ ထို​တ​ရား​တော်​အ​ကြောင်း​ကို​ကွန်​တော်​မျိုး​သည် တစ်​နေ့​လုံး​အောက်​မေ့​ဆင်​ခြင်​လက်​နေ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​သည် ကွန်​တော်​မျိုး​နှင့်​အ​တူ​အ​စဉ်​ရှိ​တော်​မူ​ပါ​၏။ ပ​ညတ်​တော်​အား​ဖြင့်​ကွန်​တော်​မျိုး​သည် ရန်​သူ​မား​ထက်​ပ​ညာ​သာ​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပေး​တော် မူ​သော ဆုံး​မ​သွန်​သင်​ခက်​မား​ကို​အောက်​မေ့ ဆင်​ခြင်​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​၏​ဆ​ရာ​အ​ပေါင်း​တို့​ထက်​ပို​မို သိ​ရှိ​နား​လည်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ဥ​ပ​ဒေ​သ​တော်​တို့​ကို လိုက်​နာ​သည်​ဖြစ်​၍​အ​သက်​ကြီး​သူ​မား​ထက် ပို​၍​ပ​ညာ​ဉာဏ်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​အ​တိုင်း လိုက်​နာ​လို​သည်​ဖြစ်​၍​အ​ကင့်​ဆိုး​ဟူ​သ​မှ​ကို ရှောင်​ပါ​၏။ ကွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​သူ​မှာ ကိုယ်​တော်​ရှင်​ဖြစ်​တော်​မူ​သ​ဖြင့် ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ခ​မှတ်​တော်​မူ​သည့်​စီ​ရင်​ဆုံး​ဖြတ်​ခက်​မား​မှ သွေ​ဖည်​၍​မ​သွား​ပါ။ ဆုံး​မ​သွန်​သင်​တော်​မူ​ခက်​တို့​သည်​ကွန်​တော်​မျိုး​၏ ခံ​တွင်း​၌​လွန်​စွာ​ချို​ပါ​၏။ ပား​ရည်​ထက်​ပင်​ချို​ပါ​၏။ ကွန်​တော်​မျိုး​သည်​ပ​ညတ်​တော်​မား​မှ ဉာဏ်​ပ​ညာ​ကို​ရ​ရှိ​သ​ဖြင့်​အ​ကင့်​ဆိုး ဟူ​သ​မှ​ကို​မုန်း​ပါ​၏။

ဆာလံ 119:89-104 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် ကောင်းကင်ဘုံ​၌ အစဉ်အမြဲ​တည်​ပါ​၏​။ ကိုယ်တော်​၏​သစ္စာ​တော်​သည် မျိုးဆက်​အစဉ်အဆက်​မြဲမြံ​ပါ​၏​။ ကိုယ်တော်​သည် မြေကြီး​ကို​တည်​တော်မူ​သဖြင့် ၎င်း​သည်​တည်မြဲ​လျက်​ရှိ​ပါ​၏​။ ခပ်သိမ်း​သော​အရာ​တို့​သည် ကိုယ်တော်​၏​အသုံးတော်ခံ​များ​ဖြစ်၍ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​နှင့်အညီ ယနေ့​တိုင်အောင် တည်မြဲ​လျက်​ရှိ​ကြ​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​သည် အကျွန်ုပ်​မွေ့လျော်​ရာ မ​ဖြစ်​ခဲ့​ပါ​လျှင် အကျွန်ုပ်​သည် ဖိစီးနှိပ်စက်မှု​ခံရ​စဉ်တွင် ပျက်စီး​ခဲ့​ပေ​လိမ့်မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​များ​ကို မည်သည့်​အခါ​မျှ​မ​မေ့လျော့​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် ထို​ဥပဒေသ​များ​အားဖြင့် အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ပိုင်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ရှာမှီး​ပြီ​ဖြစ်၍ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။ ဆိုးယုတ်​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ဖျက်ဆီး​ရန် စောင့်​နေ​ကြ​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အလေးအနက်​ဆင်ခြင်​ပါ​၏​။ ပြည့်စုံ​မှု​ရှိသမျှ​တို့​၌ အကန့်အသတ်​ရှိ​ကြောင်း​ကို အကျွန်ုပ်​မြင်​ပါ​၏​။ ကိုယ်တော်​၏​ပညတ်တော်​မူကား အလွန်​ကျယ်ပြန့်​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​ကို အလွန်​မြတ်နိုး​ပါ​၏​။ ထို​တရားတော်​သည် တစ်နေ့လုံး အကျွန်ုပ်​ဆင်ခြင်အောက်မေ့စရာ​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​ပညတ်တော်​သည် အကျွန်ုပ်​၏​ရန်သူ​များ​ထက် အကျွန်ုပ်​ကို ပို၍​ဉာဏ်ပညာရှိ​စေ​ပါ​၏​။ အကြောင်းမူကား ထို​ပညတ်တော်​သည် အကျွန်ုပ်​နှင့်အတူ အစဉ်အမြဲ​ရှိ​ပါ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အကျွန်ုပ်​ဆင်ခြင်အောက်မေ့စရာ​ဖြစ်​သောကြောင့် အကျွန်ုပ်​သည် အကျွန်ုပ်​၏​ဆရာ​အားလုံး​တို့​ထက် ပို၍​ပညာသတိ​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို လိုက်နာကျင့်သုံး​သည်​ဖြစ်၍ အသက်ကြီး​သော​သူ​တို့​ထက် ပို၍​အသိဉာဏ်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို စောင့်ထိန်း​နိုင်​ရန် အကျွန်ုပ်​၏​ခြေ​ကို မကောင်း​သော​လမ်း​ရှိသမျှ​တို့​မှ ကင်းဝေး​စေ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို သွန်သင်​တော်မူ​သောကြောင့် အကျွန်ုပ်​သည် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​မှ ဖယ်ခွာ​မ​သွား​ပါ​။ ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​သည် အကျွန်ုပ်​၏​လျှာ​၌ ချိုမြ​လှ​ပါ​၏​။ အကျွန်ုပ်​၏​ခံတွင်း​၌ ပျားရည်​ထက် ပို၍​ချိုမြ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​များ​အားဖြင့် အသိဉာဏ်​ကို​ရရှိ​ပါ​၏​။ ထို့ကြောင့် မှားယွင်း​သော​လမ်း​ရှိသမျှ​တို့​ကို အကျွန်ုပ်​မုန်း​ပါ​၏​။