အစိုးရသောသူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုညှဉ်းဆဲကြသော်လည်း၊ အကျွန်ုပ်စိတ်နှလုံးသည် စကားတော်ကို ကြောက်ရွံ့ပါ၏။ လက်ရဥစ္စာများကိုတွေ့သကဲ့သို့ ဗျာဒိတ်တော်စကားကြောင့် အကျွန်ုပ်ဝမ်းမြောက်ပါ၏။ မုသားစကားကို ကြားပြင်းရွံရှာပါ၏။ တရားတော်ကိုကား နှစ်သက်ပါ၏။ ဖြောင့်မတ်စွာစီရင်တော်မူချက်များကြောင့် ကိုယ်တော်ကို တစ်ရက်လျှင် ခုနစ်ကြိမ်ချီးမွမ်းတတ်ပါ၏။ တရားတော်ကိုနှစ်သက်သောသူတို့၌ ကြီးစွာသောငြိမ်ဝပ်ခြင်းရှိပါ၏။ သူတို့ စိတ်ပျက်စရာအကြောင်းမရှိပါ။ အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ်မျှော်လင့်၍၊ ပညတ်တော်တို့ကို ကျင့်ပါ၏။ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ်သည် စောင့်ပါ၏။ အလွန်နှစ်သက်ပါ၏။ ကိုယ်တော်၏ ဥပဒေသတို့နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ပါ၏။ အကျွန်ုပ်အကျင့်ရှိသမျှတို့သည် ရှေ့တော်၌ရှိကြပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်အော်ဟစ်သံသည် ရှေ့တော်သို့ ရောက်ပါစေသော။ နှုတ်ကပတ်တော်အတိုင်း ဉာဏ်ကို ပေးသနားတော်မူပါ။ အသနားခံသောစကားသည် ရှေ့တော်သို့ ရောက်ပါစေသော။ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူသောအခါ၊ အကျွန်ုပ်၏နှုတ်သည် ချီးမွမ်းခြင်းကို မြွက်ဆိုပါမည်။ အလုံးစုံသောပညတ်တော်တို့သည် ဖြောင့်မတ်ပါသည်ဖြစ်၍၊ အကျွန်ုပ်လျှာသည် ဗျာဒိတ်တော်ကို သီချင်းဆိုပါမည်။ ကိုယ်တော်၏ဥပဒေသများကို နှစ်သက်ပါသည်ဖြစ်၍၊ လက်တော်သည် အကျွန်ုပ်ကို မစပါစေသော။ အို ထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်တောင့်တပါ၏။ တရားတော်သည်လည်း အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏။ အကျွန်ုပ်သည် အသက်ရှင်၍၊ ကိုယ်တော်ကို ချီးမွမ်းပါစေသော။ စီရင်တော်မူချက်တို့သည် အကျွန်ုပ်ကို မစကြပါစေသော။ ပျောက်သောသိုးကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲပါပြီ။ ကိုယ်တော်၏ကျွန်ကို ရှာတော်မူပါ။ အကျွန်ုပ်သည် ပညတ်တော်တို့ကို မမေ့မလျော့ပါ။
ဆာလံ 119 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 119:161-176
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ