YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:161-176

ဆာလံ 119:161-176 Judson Bible (JBMLE)

အ​စိုး​ရ​သော​သူ​တို့​သည် အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို​ညှဉ်း​ဆဲ​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​စိတ်​နှ​လုံး​သည် စ​ကား​တော်​ကို ကြောက်​ရွံ့​ပါ၏။ လက်​ရ​ဥ​စ္စာ​များ​ကို​တွေ့​သ​ကဲ့​သို့ ဗျာ​ဒိတ်​တော်​စ​ကား​ကြောင့် အ​ကျွန်ုပ်​ဝမ်း​မြောက်​ပါ၏။ မု​သား​စ​ကား​ကို ကြား​ပြင်း​ရွံ​ရှာ​ပါ၏။ တ​ရား​တော်​ကို​ကား နှစ်​သက်​ပါ၏။ ဖြောင့်​မတ်​စွာ​စီ​ရင်​တော်​မူ​ချက်​များ​ကြောင့် ကိုယ်​တော်​ကို တစ်​ရက်​လျှင် ခု​နစ်​ကြိမ်​ချီး​မွမ်း​တတ်​ပါ၏။ တ​ရား​တော်​ကို​နှစ်​သက်​သော​သူ​တို့၌ ကြီး​စွာ​သော​ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ၏။ သူ​တို့ စိတ်​ပျက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​ကို အ​ကျွန်ုပ်​မျှော်​လင့်၍၊ ပ​ညတ်​တော်​တို့​ကို ကျင့်​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​ဝိ​ညာဉ်​သည် စောင့်​ပါ၏။ အ​လွန်​နှစ်​သက်​ပါ၏။ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​တို့​နှင့် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ပါ၏။ အ​ကျွန်ုပ်​အ​ကျင့်​ရှိ​သ​မျှ​တို့​သည် ရှေ့​တော်၌​ရှိ​ကြ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အော်​ဟစ်​သံ​သည် ရှေ့​တော်​သို့ ရောက်​ပါ​စေ​သော။ နှုတ်​က​ပတ်​တော်​အ​တိုင်း ဉာဏ်​ကို ပေး​သ​နား​တော်​မူ​ပါ။ အ​သ​နား​ခံ​သော​စ​ကား​သည် ရှေ့​တော်​သို့ ရောက်​ပါ​စေ​သော။ ဗျာ​ဒိတ်​တော်​အ​တိုင်း အ​ကျွန်ုပ်​ကို ကယ်​နုတ်​တော်​မူ​ပါ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်၏​နှုတ်​သည် ချီး​မွမ်း​ခြင်း​ကို မြွက်​ဆို​ပါ​မည်။ အ​လုံး​စုံ​သော​ပ​ညတ်​တော်​တို့​သည် ဖြောင့်​မတ်​ပါ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​လျှာ​သည် ဗျာ​ဒိတ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။ ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို နှစ်​သက်​ပါ​သည်​ဖြစ်၍၊ လက်​တော်​သည် အ​ကျွန်ုပ်​ကို မ​စ​ပါ​စေ​သော။ အို ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​တောင့်​တ​ပါ၏။ တ​ရား​တော်​သည်​လည်း အ​ကျွန်ုပ်​မွေ့​လျော်​ရာ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​သည် အ​သက်​ရှင်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​စေ​သော။ စီ​ရင်​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​ကို မ​စ​ကြ​ပါ​စေ​သော။ ပျောက်​သော​သိုး​ကဲ့​သို့ အ​ကျွန်ုပ်​သည် လမ်း​လွဲ​ပါ​ပြီ။ ကိုယ်​တော်၏​ကျွန်​ကို ရှာ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ပ​ညတ်​တော်​တို့​ကို မ​မေ့​မ​လျော့​ပါ။

ဆာလံ 119:161-176 Common Language Bible (BCL)

တန်​ခိုး​အာ​ဏာ​ရှိ​သူ​တို့​သည်​ကွန်​တော်​မျိုး​အား မ​တ​ရား​နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​ပါ​၏။ သို့​ရာ​တွင်​ကွန်​တော်​မျိုး​သည်​ကိုယ်တော်​ရှင်​၏ တ​ရား​တော်​ကို​ရိုသေ​လေး​စား​ပါ​၏။ ကိုယ်​တော်​ရှင်​၏​က​တိ​တော်​မား​ကြောင့် ကွန်တော်​မျိုး​သည်​လွန်​စွာ​ပော်​ပါ​၏။ မား​စွာ​သော​လက်​ရ​ပစ္စည်း​တို့​ကို တေ"​ရှိ​ရ​သူ​ကဲ့​သို့​ပော်​ပါ​၏။ ကွန်​တော်​မျိုး​သည်​မု​သား​မှန်​သ​မှ​ကို မုန်း​တီး​စက်​ဆုပ်​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို နှစ်​သက်​မြတ်​နိုး​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ဖြောင့်​မှန်​သော တ​ရား​စီ​ရင်​တော်​မူ​ခက်​မား​အ​တွက်​နေ့​စဉ် ခု​နစ်​ကြိမ်​ကေး​ဇူး​တော်​ကို​ခီး​မွမ်း​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​နှစ်​သက် မြတ်နိုး​သူ​မား​သည် ကြီး​စွာ​သော​စိတ်​ခမ်း​သာ​မှု​ကို​ရ​ရှိ​ကြ​ပါ​၏။ အ​ဘယ်​အ​ရာ​မှ​သူ​တို့​အား​ပြို​လဲ​စေ​နိုင်​လိမ့်​မည် မ​ဟုတ်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်တော်​ရှင် ကယ်​တော်​မူ​မည်​ကို​စောင့်​မှော်​ကာ​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​မား​ကို​စောင့်​ထိန်း​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သည့် ဆုံး​မ​သွန်​သင်​ခက်​တို့​ကို​လိုက်​နာ​ပါ​၏။ ယင်း​တို့​ကို​ကွန်​တော်​မျိုး​သည်​အ​လွန် နှစ်သက်​မြတ်​နိုး​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ဥ​ပ​ဒေ​သ​တော်​မား​နှင့်ပ​ညတ်​တော်​မား​ကို လိုက်​နာ​ပါ​၏။ ကွန်​တော်​မျိုး​ပြု​သ​မှ​သော​အ​မှု​တို့​ကို ကိုယ်တော်​ရှင်​မြင်​တော်​မူ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ကူ​မ​တော်​မူ​ရန် ကွန်​တော်​မျိုး​၏​အော်​ဟစ်​တောင်း​လှောက်​သံ​သည် နား​တော်​သို့​ရောက်​ပါ​စေ​သော။ က​တိ​တော်​ရှိ​သည့်​အ​တိုင်း​ကွန်​တော်​မျိုး​အား အ​သိ​ဉာဏ်​ကို​ပေး​တော်​မူ​ပါ။ ကွန်​တော်​မျိုး​၏ဆု​တောင်း​ပတ္ထနာ​ကို ကြား​တော်​မူ​၍ က​တိ​တော်​အ​တိုင်းကွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​အား​ပညတ်​တော်​ကို သွန်​သင်​တော်​မူ​သ​ဖြင့် ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​အ​စဉ်​အ​မြဲ ထော​မ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော​ဆုံး​မ သွန်​သင်​ခက်​မား​သည်​တ​ရား​မှတ​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ တရား​တော်​အ​ကြောင်း​ကို သီ​ခင်း​ဆို​ပါ​မည်။ ကွန်​တော်​မျိုး​သည်​ဥ​ပ​ဒေ​သ​တော်​တို့​ကို စောင့်​ထိန်း​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​အား​ကူ​မ​ရန် အ​စဉ်​အ​သင့်​ရှိ​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်တော်​ရှင်​၏ ကယ်​တင်​တော်​မူ​ခြင်း​ကေး​ဇူး​ကို တောင့်​တ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​သည် ကွန်​တော်​မျိုး​အား​ပော်​ရ"င်​စေ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​ထော​မ​နာ​ပြု​နိုင်​ရန် ကွန်တော်​မျိုး​အား အ​သက်​ရှင်​စေ​တော်​မူ​ပါ။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက်​မား​သည် ကွန်တော်​မျိုး​အား ကူ​မ​တော်​မူ​ပါ​စေ​သော။ ကွန်​တော်​မျိုး​သည်​ပောက်​သွား​သော​သိုး​ကဲ့​သို့ လမ်း​မှား​လက်​ရှိ​ပါ​၏။ သို့​ဖြစ်​၍​ကြွ​တော်​မူ​လက်​ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​ကွန်​တော်​မျိုး​အား ရှာ​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​မ​မေ့​မ​လော့​ပါ။

ဆာလံ 119:161-176 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြီးအကဲ​တို့​သည် အကျွန်ုပ်​ကို​အကြောင်းမဲ့ လိုက်လံညှဉ်းဆဲ​ကြ​ပါ​၏​။ သို့သော် အကျွန်ုပ်​၏​စိတ်နှလုံး​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို ကြောက်ရွံ့​ပါ​၏​။ အကျွန်ုပ်​သည် များစွာ​သော​စည်းစိမ်ဥစ္စာ​ကို တွေ့ရှိ​သော​သူ​ကဲ့သို့ ကိုယ်တော်​၏​ကတိ​တော်​ကြောင့် ရွှင်မြူး​ပါ​၏​။ အကျွန်ုပ်​သည် မုသား​ကို​မုန်းတီး​၍ စက်ဆုပ်ရွံရှာ​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​ကို​ကား မြတ်နိုး​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​သော စီရင်ထုံးဖွဲ့ချက်​များ​အတွက် ကိုယ်တော်​ကို တစ်ရက်​လျှင်​ခုနစ်​ကြိမ်​ချီးမွမ်း​ပါ​၏​။ ကိုယ်တော်​၏​တရား​ကို​မြတ်နိုး​သော​သူ​တို့​၌ ကြီးစွာ​သော​ငြိမ်သက်​ခြင်း​ရှိ​ပါ​၏​။ မည်သည့်​အရာ​မျှ သူ​တို့​အတွက် ခလုတ်တံသင်း​ဖြစ်​မည်​မ​ဟုတ်​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို စောင့်မျှော်​၍ ကိုယ်တော်​၏​ပညတ်တော်​တို့​ကို လိုက်နာ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို စောင့်ထိန်း​ပါ​၏​။ ၎င်း​တို့​ကို အကျွန်ုပ်​အလွန်​မြတ်နိုး​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​နှင့် သက်သေခံချက်​တို့​ကို စောင့်ထိန်း​ပါ​၏​။ အကြောင်းမူကား အကျွန်ုပ်​၏​လမ်းခရီး​ရှိသမျှ​တို့​သည် ကိုယ်တော့်​ရှေ့​၌​ရှိ​ကြ​ပါ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဟစ်ကြော်သံ​သည် ရှေ့​တော်​သို့​ရောက်​ပါစေသော​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​၏​အသနားခံချက်​သည် ရှေ့​တော်​သို့ ရောက်​ပါစေသော​။ ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​နှင့်အညီ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။ ကိုယ်တော်​သည် မိမိ​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​၏​နှုတ်ခမ်း​သည် ချီးမွမ်း​ခြင်း​ကို​မြွက်ဆို​ပါ​မည်​။ ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​သည် ဖြောင့်မတ်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​၏​လျှာ​သည် ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို တေးဖွဲ့​သီဆို​ပါ​မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ရွေးချယ်​ခဲ့​သည်​ဖြစ်၍ ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​ရန် အဆင်သင့်​ဖြစ်​ပါစေသော​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို အကျွန်ုပ်​စွဲလမ်း​တောင့်တ​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​သည်​လည်း အကျွန်ုပ်​မွေ့လျော်​ရာ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် အသက်ရှင်​လျက် ကိုယ်တော်​ကို ချီးမွမ်း​ပါစေသော​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည်​လည်း အကျွန်ုပ်​ကို​ကူညီမစ​ကြ​ပါစေသော​။ အကျွန်ုပ်​သည် ပျောက်​သော​သိုး​ကဲ့သို့​လမ်းလွဲ​ပါ​ပြီ​။ ကိုယ်တော်​၏​အစေအပါး​ကို ရှာ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို​မ​မေ့လျော့​ပါ​။