နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။ ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါမည်ဟု အကျွန်ုပ်ကျိန်ဆိုသည် အတိုင်းပြုပါမည်။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းကို ခံရပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် စေတနာစိတ်ရှိ၍၊ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သကာတို့ကို နှစ်သက်တော်မူပါ၏။ စီရင်တော်မူချက်တို့ကိုလည်း၊ အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏။ အကျွန်ုပ်အသက်သည် ကိုယ်လက်၌ အစဉ်ရှိပါ၏။ သို့သော်လည်း၊ တရားတော်ကို မမေ့မလျော့ပါ။ မတရားသောသူတို့သည် အကျွန်ုပ်ဖို့ ကျော့ကွင်းကို ထောင်ထားကြပါ၏။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများမှ လွှဲ၍မသွားပါ။ သက်သေခံတော်မူချက်တို့သည် အကျွန်ုပ်နှလုံးရွှင်လန်းရာဖြစ်၍၊ ကိုယ်အမွေဥစ္စာဖို့ အစဉ်အမြဲ ခံယူပါ၏။ အထုံးအဖွဲ့တော်တို့ကို အဆုံးတိုင်အောင် အစဉ် လိုက်ခြင်းအလိုငှာ၊ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏။ အကျွန်ုပ်သည် အဓမ္မလူတို့ကို မုန်း၍၊ ကိုယ်တော်၏တရားကို နှစ်သက်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏အကွယ်အကာ၊ အကျွန်ုပ်၏ဒိုင်းလွှား ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်ကို မျှော်လင့်လျက်နေပါ၏။ ဒုစရိုက်ကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်စောင့်မည်။ အကျွန်ုပ်သည် အသက်ရှင်ပါမည်အကြောင်း၊ မိန့်တော်မူချက်အတိုင်း ထောက်မတော်မူပါ။ အကျွန်ုပ် မျှော်လင့်ခြင်းအကြောင်းမှ မရှက်မကြောက်ပါစေနှင့်။ အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ။ အထုံးအဖွဲ့တော်တို့ကို အစဉ်အမြဲ ထောက်ရှုပါမည်။ အထုံးအဖွဲ့တော်တို့မှ လွှဲသွားသမျှသောသူတို့ကို ပယ်တော်မူ၏။ သူတို့ပရိယာယ်သည် မုသားဖြစ်ပါ၏။ မတရားသော မြေသားအပေါင်းတို့ကို ချော်ကဲ့သို့ မှတ်တော်မူ၏။ ထိုကြောင့် သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်နှစ်သက်ပါ၏။ ကိုယ်တော်ကို ထိတ်လန့်သဖြင့်၊ အကျွန်ုပ်သည် ကြက်သီးမွေးညင်းထ၍၊ စီရင်တော်မူချက်တို့မှ ကြောက်ပါ၏။
ဆာလံ 119 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 119:105-120
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ