YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 118:14-21

ဆာလံ 118:14-21 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​စွမ်း​သ​တ္တိ၊ ငါ​သီ​ချင်း​ဆို​ရာ​အ​ကြောင်း၊ ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ၏။ ဖြောင့်​မတ်​သော သူ​တို့၏​နေ​ရာ၌ ဝမ်း​မြောက်​ခြင်း​အ​သံ​နှင့် ကယ်​တင်​ခြင်း​အ​သံ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်​သည် ကြီး​သော​အ​မှု​ကို​ပြု၏။ ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်​သည် ချီး​မြှင့်​လျက်​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်​သည် ကြီး​သော​အ​မှု​ကို​ပြု၏။ ငါ​မ​သေ​ရ​သေး။ အ​သက်​ရှင်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​တို့​ကို ကြား​ပြော​ရ​ဦး​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကျပ်​တည်း​စွာ ဆုံး​မ​သော်​လည်း၊ သေ​ခြင်း၌ အပ်​တော်​မ​မူ​သေး။ ဖြောင့်​မတ်​ခြင်း​တံ​ခါး​တို့​ကို ငါ့​အား​ဖွင့်​ကြ။ ငါ​ဝင်၍ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​မည်။ ဤ​တံ​ခါး​သည် ထာ​ဝ​ရ​ဘု​ရား၏​တံ​ခါး​ဖြစ်၏။ ဖြောင့်​မတ်​သော သူ​တို့​သည် ဝင်​ရ​ကြ၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​စ​ကား​ကို နား​ထောင်၍၊ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ၏။