YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 118:14-21

ဆာလံ 118:14-21 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​စွမ်း​သ​တ္တိ၊ ငါ​သီ​ချင်း​ဆို​ရာ​အ​ကြောင်း၊ ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ၏။ ဖြောင့်​မတ်​သော သူ​တို့၏​နေ​ရာ၌ ဝမ်း​မြောက်​ခြင်း​အ​သံ​နှင့် ကယ်​တင်​ခြင်း​အ​သံ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်​သည် ကြီး​သော​အ​မှု​ကို​ပြု၏။ ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်​သည် ချီး​မြှင့်​လျက်​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်​သည် ကြီး​သော​အ​မှု​ကို​ပြု၏။ ငါ​မ​သေ​ရ​သေး။ အ​သက်​ရှင်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​တို့​ကို ကြား​ပြော​ရ​ဦး​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကျပ်​တည်း​စွာ ဆုံး​မ​သော်​လည်း၊ သေ​ခြင်း၌ အပ်​တော်​မ​မူ​သေး။ ဖြောင့်​မတ်​ခြင်း​တံ​ခါး​တို့​ကို ငါ့​အား​ဖွင့်​ကြ။ ငါ​ဝင်၍ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​မည်။ ဤ​တံ​ခါး​သည် ထာ​ဝ​ရ​ဘု​ရား၏​တံ​ခါး​ဖြစ်၏။ ဖြောင့်​မတ်​သော သူ​တို့​သည် ဝင်​ရ​ကြ၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​စ​ကား​ကို နား​ထောင်၍၊ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ၏။

ဆာလံ 118:14-21 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တန်​ခိုး​စွမ်း​ရည် ကြီး​မား​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တင်​တော်​မူ ပြီ။ ``ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော် အား​ဖြင့် အံ့​သြ​ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု တော်​မူ​လေ​ပြီ။ ကြီး​မား​သည့်​တန်​ခိုး​တော်​ကြောင့်​ငါ​တို့​သည် အောင်​ပွဲ​ကို​ရ​ရှိ​လေ​ပြီ'' ဟု​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​သည် မိ​မိ​တို့​တဲ​များ​မှ​ဝမ်း​မြောက်​စွာ​အောင်​သံ​ပေး​၍ ကြွေး​ကြော်​ကြ​သည်​ကို​နား​ထောင်​ကြ​လော့။ ငါ​သည်​မ​သေ​သေး​ဘဲ​အ​သက်​ရှင်​၍​ထာ​ဝ​ရ ဘု​ရား ပြု​တော်​မူ​သော​အ​မှု​တော်​ကို​ဖော်​ပြ​မည်။ ကိုယ်​တော်​သည်​ငါ့​ကို​ကြပ်​တည်း​စွာ ဆုံး​မ​တော်​မူ​သော်​လည်း​သေ​မင်း​၏​လက်​သို့ အပ်​တော်​မ​မူ။ ငါ​၏​အ​တွက်​ဗိ​မာန်​တော်​တံ​ခါး​တို့​ကို​ဖွင့် လိုက်​ကြ။ ငါ​သည်​ဝင်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​မည်။ ဤ​တံ​ခါး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တံ​ခါး​ဖြစ်​၍ သူ​တော်​ကောင်း​တို့​သာ​လျှင်​ဝင်​ရ​ကြ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​လျှောက်​ထား ချက်​ကို ကြား​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို​ပေး​တော်​မူ သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား​ထော​မ​နာ ပြု​ပါ​၏။

ဆာလံ 118:14-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​သည် ငါ​၏​ခွန်အား​နှင့်​တေးသီချင်း​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ ဖြောင့်မတ်​သော​သူ​တို့​၏​တဲ​များ​၌ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​အသံ​နှင့် ကယ်တင်​ခြင်း​အသံ​ရှိ​၏​။ ထာဝရဘုရား​၏​လက်ယာ​လက်​တော်​သည် တန်ခိုးကြီး​သော​အမှု​ကို​ပြု​တော်မူ​၏​။ ထာဝရဘုရား​၏​လက်ယာ​လက်​တော်​သည် ချီးမြှောက်​ခြင်း​ရှိ​၏​။ ထာဝရဘုရား​၏​လက်ယာ​လက်​တော်​သည် တန်ခိုးကြီး​သော​အမှု​ကို​ပြု​တော်မူ​၏​။ ငါ​မ​သေ​ရ​သေး​ဘဲ အသက်ရှင်​လျက် ထာဝရဘုရား​ပြု​တော်မူ​သော​အမှု​တို့​ကို ပြောကြား​ဦး​မည်​။ ထာဝရဘုရား​သည် ငါ့​ကို​ပြင်းထန်​စွာ​ပဲ့ပြင်​သော်လည်း သေ​ခြင်း​လက်​သို့ ငါ့​ကို​အပ်​တော်​မ​မူ​ခဲ့​ပေ​။ ဖြောင့်မတ်​ခြင်း​တံခါး​တို့​ကို ငါ့​အတွက်​ဖွင့်ပေး​ကြ​လော့​။ ငါ​သည် ထို​တံခါး​တို့​မှ​ဝင်​၍ ထာဝရဘုရား​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​မည်​။ ဤ​တံခါး​သည် ထာဝရဘုရား​၏​တံခါး​ဖြစ်​၏​။ ဖြောင့်မတ်​သော​သူ​တို့​သည် ဤ​တံခါး​မှ​ဝင်​ကြ​လိမ့်မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​၍ အကျွန်ုပ်​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​သောကြောင့် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ပါ​၏​။