YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 107:17-22

ဆာလံ 107:17-22 JBMLE

မိုက်​သော​သ​ဘော​ရှိ​သော သူ​တို့​သည်​လမ်း​လွှဲ၍၊ ဒု​စ​ရိုက်​ကို ပြု​သော​ကြောင့် ဆင်း​ရဲ​ခြင်း​နှင့် တွေ့​ကြုံ​ရ​ကြ၏။ စား​စ​ရာ​အ​မျိုး​မျိုး​ကို​ရွံ၍ သေ​ခြင်း​တံ​ခါး ငါ့​အ​နီး​သို့ ရောက်​ကြ၏။ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ကယ်​တင်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​ကို​လွှတ်​သ​ဖြင့်၊ သူ​တို့​အ​နာ​ကို ငြိမ်း​စေ၍၊ ဖျက်​ဆီး​ခြင်း​အ​ရာ​များ​ထဲ​က နုတ်​ယူ​တော်​မူ၏။ လူ​သား​တို့၌ ပြု​တော်​မူ​သော​က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို​ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။ ကျေး​ဇူး​တော် ဝန်​ခံ​ရာ​ယဇ်​ကို​ပူ​ဇော်၍၊ ရွှင်​လန်း​သော​အ​သံ​နှင့်​တ​ကွ အ​မှု​တော်​တို့​ကို ကြား​ပြော​ကြ​စေ။