YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 107:1-15

ဆာလံ 107:1-15 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ ရန်​သူ၏​လက်​မှ ထာ​ဝ​ရ​ဘု​ရား​နုတ်၍ အ​ရှေ့​အ​နောက် တောင်​မြောက်​အ​ရပ်​ရပ်​ထဲ​က စု​သိမ်း​သော သူ​တည်း​ဟူ​သော၊ ရွေး​တော်​မူ​သော​သူ​တို့​သည် ဝန်​ခံ​ကြ​စေ။ သူ​တို့​သည် တော​တွင်း လူ​ဆိတ်​ညံ​ရာ​အ​ရပ်၌​လည်၍၊ နေ​စ​ရာ​မြို့​သို့ ရောက်​သော​လမ်း​ကို မ​တွေ့​ကြ။ ဆာ​ငတ်​မွတ်​သိပ်၍ စိတ်​ပျက်​ကြ၏။ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ဆယ်​နုတ်​တော်​မူ၏။ သူ​တို့​နေ​စ​ရာ​မြို့​သို့ ရောက်​စေ​ခြင်း​ငှာ၊ ဖြောင့်​သော​လမ်း​ဖြင့် ပို့​ဆောင်​တော်​မူ၏။ လူ​သား​တို့၌​ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ တောင့်​တ​သော​ဝိ​ညာဉ်​ကို ရောင့်​ရဲ​စေ၍၊ မွတ်​သိပ်​သော​ဝိ​ညာဉ်​ကို​လည်း၊ ကောင်း​သော​အ​ရာ​နှင့် ဝ​စေ​တော်​မူ၏။ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို ငြင်း​ဆန်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ အ​ကြံ​တော်​ကို မ​ထီ​မဲ့​မြင် ပြု​သော​ကြောင့်၊ မှောင်​မိုက်၊ သေ​မင်း​အ​ရိပ်၌​ထိုင်​လျက်၊ ဒု​က္ခ​နှင့်​လည်း​ကောင်း၊ သံ​ကြိုး​နှင့်​လည်း​ကောင်း ချည်​နှောင်​လျက် နေ​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် အ​မှု​ရောက်​စေ၍၊ သူ​တို့​စိတ်​ကို နှိမ့်​ချ​တော်​မူ၏။ သူ​တို့​သည်​လဲ၍ ထောက်​မ​သော​သူ​မ​ရှိ​ဘဲ၊ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ကယ်​တင်​တော်​မူ၏။ မှောင်​မိုက်​နှင့် သေ​မင်း​အ​ရိပ်​ထဲ​က ထုတ်​ဆောင်၍ သူ​တို့​ချည်​နှောင်​ခြင်း​ကို ဖြေ​တော်​မူ၏။ လူ​သား​တို့၌ ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​စေ။