YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 105:39-45

ဆာလံ 105:39-45 JBMLE

သူ​တို့​အ​ပေါ်​မှာ မိုး​တိမ်​ကို​ဖြန့်​မိုး၍၊ ည​အ​ခါ​လင်း​စ​ရာ​ဖို့ မီး​ကို​ပေး​တော်​မူ၏။ သူ​တို့​သည် တောင်း​သော​အ​ခါ ငုံး​များ​ကို​ဆောင်​ခဲ့​တော်​မူ၍၊ သူ​တို့​ကို ကောင်း​ကင်​မုန့်​နှင့် ရောင့်​ရဲ​စေ​တော်​မူ၏။ ကျောက်​ကို​လည်း ဖွင့်​လှစ်​တော်​မူ​သ​ဖြင့်၊ ရေ​သည်​ထွက်၍ သွေ့​ခြောက်​သော​အ​ရပ်၌ မြစ်​ကဲ့​သို့ စီး​သွား​လေ၏။ အ​ကြောင်း​မူ​ကား၊ မိ​မိ​ကျွန်​အာ​ဗြ​ဟံ၌ ထား​ခဲ့​ဖူး​သော သန့်​ရှင်း​သော က​တိ​တော်​ကို အောက်​မေ့​တော်​မူ၏။ ရွေး​ကောက်​တော်​မူ​သော မိ​မိ​လူ​တို့​ကို ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း​နှင့်​တ​ကွ ထုတ်​ဆောင်​တော်​မူ၏။ သူ​တို့​သည် အ​ထုံး​အ​ဖွဲ့​တော်​တို့​အ​တိုင်း​ကျင့်၍၊ ပ​ညတ်​တ​ရား​တော်​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏​မြေ​ကို ပေး​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် အ​ခြား​သော​လူ​တို့၏​အ​လုပ်​ထဲ​သို့ ဝင်​စား​ရ​ကြ၏။ ဟာ​လေ​လု​ယ။