YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 103

103
ဘု​ရား​သ​ခင်​၏​မေ​တ္တာ​တော်
1အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ငါ၏​အ​ထဲ​မှာ​ရှိ​သ​မျှ​တို့၊ သန့်​ရှင်း​သော​နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။ 2အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို မ​မေ့​လျော့​နှင့်။ 3သင်၏​အ​ပြစ်​အ​လုံး​စုံ​တို့​ကို​ဖြေ​လွှတ်၍၊ သင်၏​အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို​လည်း ပျောက်​စေ​တော်​မူ၏။ 4သင်၏​အ​သက်​ကို ဖျက်​ဆီး​ခြင်း​ထဲ​က​ရွေး၍ ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော်​များ​နှင့် သင်၏​ခေါင်း​ကို ပတ်​ရစ်​တော်​မူ၏။ 5သင့်​ကို​အ​သက်​ကြီး​စဉ်၊ ကောင်း​သော​အ​ရာ​နှင့် ရောင့်​ရဲ​စေ​တော်​မူ​သ​ဖြင့်၊ သင်၏​အ​ရွယ်​သည် ရွှေ​လင်း​တ၏​အ​ရွယ်​ကဲ့​သို့ ပြု​ပြင်​ခြင်း​ရှိ၏။
6ထာ​ဝ​ရ​ဘု​ရား​သည် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သ​မျှ​သော​သူ​တို့​အ​ဖို့ တ​ရား​ပေး၍ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၏။ 7ဘာ​သာ​ဓ​လေ့​တော်​တို့​ကို မော​ရှေ၌​လည်း​ကောင်း၊ စီ​ရင်​တော်​မူ​သော အ​မှု​အ​ရာ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌​လည်း​ကောင်း ပြ​တော်​မူ​ပြီ။ 8ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​တတ်​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော၊ စိတ်​ရှည်၍၊ က​ရု​ဏာ​ကြွယ်​ဝ​သော​သ​ဘော ရှိ​တော်​မူ၏။#ယာ၊ ၅:၁၁။ 9အ​စဉ်​မ​ပြတ် အ​ပြစ်​တင်​တော်​မူ​သည် မ​ဟုတ်။ အ​ငြိုး​ကို အ​မြဲ​ထား​တော်​မူ​သည် မ​ဟုတ်။ 10ငါ​တို့​ပြစ်​မှား​ခြင်း​နှင့် အ​လျောက် ငါ​တို့၌​ပြု​တော်​မ​မူ​တတ်။ ငါ​တို့၌ ဒု​စ​ရိုက်​ရှိ​သည်​အ​တိုင်း အ​ပြစ်​ကို ပေး​တော်​မ​မူ​တတ်၊ 11မြေ​ကြီး​ပေါ်​တွင် ကောင်း​ကင်​အ​မြင့်​ရှိ​သည် အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့၌ က​ရု​ဏာ​တော်​သည် အား​ကြီး​ပေ၏။ 12အ​ရှေ့​မျက်​နှာ​စွန်း​သည် အ​နောက်​မျက်​နှာ​စွန်း​နှင့် ဝေး​သည်​အ​တိုင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ငါ​တို့​နှင့် ဝေး​စေ​တော်​မူ၏။ 13အ​ဘ​သည် သား​တို့​ကို သ​နား​စုံ​မက်​သည်​နည်း​တူ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကြောက်​ရွံ့​သော​သူ​တို့​ကို သ​နား​စုံ​မက်​တော်​မူ၏။ 14အ​ကြောင်း​မူ​ကား၊ ငါ​တို့​ကိုယ်​ခ​န္ဓာ​ကို သိ​တော်​မူ၏။ ငါ​တို့​သည် မြေ​မှုန့်​ဖြစ်​ကြောင်း​ကို အောက်​မေ့​တော်​မူ၏။ 15လူ​တို့၏​နေ့​ရက်​ကာ​လ​သည် မြက်​ပင်​ကဲ့​သို့​ဖြစ်၏။ လူ​သည်​လယ်​ပြင်၌​ရှိ​သော ပန်း​ပွင့်​ကဲ့​သို့ ပွင့်​တတ်၏။ 16လေ​သည်​လွန်​သွား​လျှင် အ​ပွင့်​ပျောက်၍၊ သူ၏​နေ​ရာ​သည် နောက်​တစ်​ဖန် သူ့​ကို​မ​သိ​ရာ။ 17ထာ​ဝ​ရ​ဘု​ရား၏​က​ရု​ဏာ​တော်​မူ​ကား၊ ကြောက်​ရွံ့​သော သူ​တို့​အ​ပေါ်​သို့ ကာ​လ​အ​စဉ်​အ​ဆက် သက်​ရောက်​တတ်၏။ 18သ​စ္စာ​တော်​ကို​စောင့်၍ ပ​ညတ်​တော်​တို့​ကို​ကျင့်​ခြင်း​ငှာ၊ သ​တိ​ပြု​သော​သူ​တို့၏ သား​စဉ်​မြေး​ဆက်​တို့​သည် ကု​သ​လ​တ​ရား​တော်​နှင့် ဆိုင်​ရ​ကြ၏။
19ထာ​ဝ​ရ​ဘု​ရား​သည် ပ​လ္လင်​တော်​ကို ကောင်း​ကင်​ဘုံ၌ တည်​တော်​မူ၍၊ အာ​ဏာ​တော်​သည် ခပ်​သိမ်း​သော အ​ရပ်​တို့​ကို​နှံ့​ပြား၏။ 20တန်​ခိုး​ကြီး၍ နှုတ်​က​ပတ်​တော်​အ​သံ​ကို နား​ထောင်​လျက်၊ အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​သော ကောင်း​ကင်​တ​မန်​တော်​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့။ 21အ​လို​တော်​သို့​လိုက်​သော အ​မှု​တော်​ထမ်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​တော်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့။ 22နိုင်​ငံ​တော်​အ​ရပ်​ရပ်၌ စီ​ရင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့။ အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 103: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။