YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 102:12-28

ဆာလံ 102:12-28 JBMLE

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နိ​စ္စ​ထာ​ဝ​ရ ဖြစ်​တော်​မူ၏။ နာ​မ​တော်​သည် ကာ​လ​အ​စဉ်​အ​ဆက် တည်​ပါ၏။ ထ​တော်​မူ​ပါ။ ဇိ​အုန်​မြို့​ကို သ​နား​တော်​မူ​ပါ။ ဇိ​အုန်​မြို့​ကို ကယ်​မ​သ​နား​ရ​သော​အ​ချိန်၊ ချိန်း​ချက်​တော်​မူ​သော​အ​ချိန် ရောက်​ပါ​ပြီ။ ကိုယ်​တော်၏​ကျွန်​တို့​သည် ထို​မြို့၏ ကျောက်​ခဲ​တို့​ကို​ပင် နှစ်​သက်၍၊ သူ၏​မြေ​မှုန့်​ကို​ပင် စုံ​မက်​ကြ​ပါ၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​လည်း​ကောင်း၊ လော​ကီ​ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် ဘုန်း​တော်​ကို​လည်း​ကောင်း ကြောက်​ရွံ့​ကြ​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​ကို​တည်​ထောင်၍၊ ဘုန်း​တော်​နှင့်​တ​ကွ ထင်​ရှား​တော်​မူ​လိမ့်​မည်။ ကိုး​ကွယ်​ရာ​မဲ့​သော​သူ​တို့ ဆု​တောင်း​ခြင်း​အ​ကြောင်း​ကို မ​ထီ​မဲ့​မြင်​မ​ပြု၊ သူ​တို့၏​ပ​တ္ထ​နာ​ကို မှတ်​တော်​မူ​လိမ့်​မည်။ ထို​အ​ကြောင်း​အ​ရာ​ကို နောက်​ဖြစ်​လ​တ္တံ့​သော​လူ​မျိုး​အ​ဖို့ ရေး​မှတ်​ရ​မည်။ ပြု​ပြင်​တော်​မူ​လ​တ္တံ့​သော​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ ချုပ်​ထား​သော​သူ၏​ညည်း​တွား​သံ​ကို နား​ထောင်​ခြင်း​ငှာ​လည်း​ကောင်း၊ သေ​ရ​မည့်​သူ​တို့​ကို လွှတ်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သော​လူ​မျိုး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဝတ်​ကို​ပြု​လျက် စု​ဝေး​ကြ​သော​အ​ခါ၊ ဇိ​အုန်​တောင်​ပေါ်၊ ယေ​ရု​ရှ​လင်​မြို့၌၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​နှင့် ဂုဏ်​ကျေး​ဇူး​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အထွတ်​က ငုံ့​ကြည့်​တော်​မူ၍၊ ကောင်း​ကင်​ပေါ်​က ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို ရှု​မှတ်​တော်​မူ၏။ လမ်း​ခ​ရီး၌ ငါ၏​အ​စွမ်း​ကို​လျော့​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ၏​နေ့​ရက်​ကာ​လ​ကို တို​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ​သော​အ​ခါ၊ ငါ​လျှောက်​သော​အ​ချက်​ဟူ​မူ​ကား၊ အို အ​ကျွန်ုပ်၏​ဘု​ရား၊ အ​ကျွန်ုပ်​ကို​အ​သက်​ပျို​စဉ်​ပင် ပယ်​ရှား​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်၏​နှစ်​တို့​သည် ကာ​လ​အ​စဉ်​အ​ဆက် မြဲ​ကြ​ပါ၏။ ကိုယ်​တော်​သည် ရှေ့​ဦး​စွာ၌ မြေ​ကြီး​ကို တည်​တော်​မူ​ပြီ။ မိုး​ကောင်း​ကင်​သည်​လည်း လက်​တော်​နှင့် ဖန်​ဆင်း​သော​အ​ရာ​ဖြစ်​ပါ၏။ ထို​အ​ရာ​တို့​သည် ပျက်​စီး​ခြင်း​သို့​ရောက်​သော်​လည်း ကိုယ်​တော်​သည် အ​မြဲ​တည်​တော်​မူ၏။ ထို​အ​ရာ​ရှိ​သ​မျှ​တို့​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​ခြင်း​သို့​ရောက်၍၊ ကိုယ်​တော်​သည် ဝတ်​လုံ​ကို​လဲ​သ​ကဲ့​သို့ လဲ​တော်​မူ​သ​ဖြင့်၊ ပြောင်း​လဲ​ခြင်း​ရှိ​ကြ​သော်​လည်း၊ ကိုယ်​တော်​သည် ပြောင်း​လဲ​တော်​မ​မူ​ပါ။ အ​သက်​တော်​လည်း မ​ကုန်​မ​ဆုံး​ရ​ပါ။ ကိုယ်​တော်​ကျွန်​တို့၏ သား​မြေး​တို့​သည်​တည်၍၊ အ​မျိုး​အ​နွယ်​သည်​လည်း ရှေ့​တော်၌ မြဲ​မြံ​ပါ​လိမ့်​မည်။