YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 10:12-18

ဆာလံ 10:12-18 JBMLE

အို​ထာ​ဝ​ရ​ဘု​ရား ထ​တော်​မူ​ပါ။ အို​ဘု​ရား​သ​ခင် လက်​တော်​ကို ချီ​တော်​မူ​ပါ။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​ကို မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။ မ​တ​ရား​သော​သူ​သည် ဘု​ရား​သ​ခင်​ကို အ​ဘယ်​ကြောင့် မ​ထီ​မဲ့​မြင်​ပြု​ရ​ပါ​အံ့​နည်း။ ကိုယ်​တော်​သည် စစ်​တော်​မ​မူ​ဟု အ​ဘယ်​ကြောင့် အောက်​မေ့​ရ​ပါ​အံ့​နည်း။ သို့​သော်​လည်း၊ ကိုယ်​တော်​သည် မြင်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ပင်​ပန်း​စေ​ခြင်း​နှင့် နှောင့်​ယှက်​စေ​ခြင်း​ကို လက်​ဝါး​တော်၌ မှတ်​သား​မည်​ဟု ကြည့်​ရှု​တော်​မူ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​သည် ကိုယ်​တော်၌ ကိုယ်​ကို​အပ်​တတ်​ပါ၏။ ကိုယ်​တော်​သည် မိ​ဘ​မ​ရှိ​သော​သူ၏​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ မ​တ​ရား​သ​ဖြင့်​ပြု၍ ဆိုး​သော​သူ၏ လက်​ရုံး​ကို ချိုး​တော်​မူ​ပါ။ သူ​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို အ​ကုန်​အ​စင် စစ်​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ကာ​လ​အ​စဉ်​အ​မြဲ​တည်​သော​ရှင်​ဘု​ရင်​ဖြစ်​တော်​မူ၍၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် နိုင်​ငံ​တော်​ထဲ​က ကွယ်​ပျောက်​ကြ​ပါ​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့၏ တောင့်​တ​ခြင်း​အ​သံ​ကို ကြား​တော်​မူ၏။ သူ​တို့၏​စိတ်​နှ​လုံး​ကို တည်​ကြည်​စေ​တော်​မူ၏။ ဆင်း​ရဲ​သား​ကို သူ၏​မြေ​မှ တစ်​ဖန်​မ​နှင်​ထုတ်​မည်​အ​ကြောင်း၊ မိ​ဘ​မ​ရှိ​သော​သူ​နှင့် ညှဉ်း​ဆဲ​ခံ​ရ​သော​သူ​တို့​ကို တ​ရား​ပေး​ခြင်း​ငှာ နား​တော်​ကို​ဖွင့်​တော်​မူ၏။