YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 10:1-11

ဆာလံ 10:1-11 JBMLE

အို​ထာ​ဝ​ရ​ဘု​ရား။ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် ဝေး​ဝေး​ရပ်၍ နေ​တော်​မူ​သ​နည်း။ ဘေး​အ​န္တ​ရာယ် ရောက်​သည်​ကာ​လ အ​ဘယ်​ကြောင့် ပုန်း​ကွယ်၍ နေ​တော်​မူ​သ​နည်း။ မ​တ​ရား​သော​သူ​သည် မာ​န​စိတ်​ရှိ၍၊ ဆင်း​ရဲ​သော​သူ​ကို ညှဉ်း​ဆဲ​တတ်​ပါ၏။ မိ​မိ​ပြု​သော ပ​ရိ​ယာယ်​အား​ဖြင့် ထို​သူ​ကို ဖမ်း​ဆီး​တတ်​ပါ၏။ မ​တ​ရား​သော​သူ​သည် မိ​မိ​စိတ်​အ​လို၌ ဝါ​ကြွား​တတ်​ပါ၏။ လော​ဘ​ကြီး​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပယ်၍ မ​ထီ​မဲ့​မြင်​ပြု​တတ်​ပါ၏။ မ​တ​ရား​သော​သူ​သည် မာ​န​ထောင်​လွှား​သော​ကြောင့်၊ မ​စဉ်း​စား​တတ်​ပါ။ ဘု​ရား​သ​ခင်​မ​ရှိ​ဟု အ​စဉ် အောက်​မေ့​တတ်​ပါ၏။ အ​စဉ်​ခိုင်​မာ​စွာ ကျင့်​ကြံ​ပြု​မူ​တတ်​ပါ၏။ တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် သူ​နှင့်​ဝေး​မြင့်​သည်​ဖြစ်၍ ခပ်​သိမ်း​သော​ရန်​သူ​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ပါ၏။ ငါ​သည် အ​စဉ်​မ​ရွေ့​ရ၊ ဆင်း​ရဲ​ခြင်း​သို့ မ​ရောက်​ရ​ဟု အောက်​မေ့​တတ်​ပါ၏။ သူ၏​နှုတ်​သည် ကျိန်​ဆဲ​ခြင်း၊ လှည့်​စား​ခြင်း၊ ရှုတ်​ချ​ခြင်း​နှင့် ပြည့်​ဝ​ပါ၏။ လျှာ​အောက်​မှာ မ​ကောင်း​သော​အ​ကြံ​နှင့် မ​တ​ရား​သော​အ​မှု​ရှိ​ပါ၏။ ရွာ​အ​နား​တွင် ပုန်း​နေ​ရာ​အ​ရပ်​မှာ​ထိုင်၍၊ အ​ပြစ်​မ​ရှိ​သော​သူ​ကို ဆိတ်​ကွယ်​ရာ​အ​ရပ်၌ သတ်​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ချောင်း​မြောင်း​တတ်​ပါ၏။ ချုံ​ထဲ​မှာ​နေ​သော ခြင်္သေ့​ကဲ့​သို့ ကွယ်​ရာ​အ​ရပ်၌ ပုန်း၍​နေ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ဖမ်း​ဆီး​ခြင်း​ငှာ ပုန်း​ကွယ်၍ နေ​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ကွန်​ရွက်​ထဲ​သို့​ဆွဲ၍ ဖမ်း​ဆီး​တတ်​ပါ၏။ ထို​သို့ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ၍၊ ဆင်း​ရဲ​သော​သူ အ​ပေါင်း​တို့​သည် သူ၏​လက်​သို့ ကျ​ရောက်​တတ် ကြ​ပါ၏။ ထို​သူ​က၊ ဘု​ရား​သ​ခင်​သည် မေ့​လျော့​တော်​မူ၏။ မျက်​နှာ​ကို လွှဲ​တော်​မူ၏။ မြင်​တော်​မ​မူ​ဟု အောက်​မေ့​တတ်​ပါ၏။

​ဆာလံ 10:1-11 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။