YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 7

7
1ငါ့​သား၊ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်၍၊ ငါ့​ပ​ညတ်​တို့​ကို သင်၌​သို​ထား​လော့။ 2ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်၍ အ​သက်​ရှင်​လော့။ ငါ​ပေး​သော​တ​ရား​ကို ကိုယ်​မျက်​ဆန်​ကဲ့​သို့​စောင့်​လော့။ 3သင်၏​လက်​ချောင်း​တို့၌ ချည်​ထား၍၊ သင်၏ နှ​လုံး​အင်း​စာ​ရင်း၌ ရေး​မှတ်​လော့။ 4ပ​ညာ​ကို ကိုယ်​နှ​မ​ဟူ၍​လည်း​ကောင်း၊ ဉာဏ်​ကို ကိုယ်​ပေါက်​ဖော်​ဟူ၍​လည်း​ကောင်း​ခေါ်​လော့။ 5သို့​ပြု​လျှင် သူ​တို့​သည် အ​မျိုး​ပျက်​သော​မိန်း​မ၊ နှုတ်​နှင့် ချော့​မော့​တတ်​သော ပြည့်​တန်​ဆာ​မိန်း​မ​လက်​မှ သင့်​ကို ကယ်​တင်​ကြ​လိမ့်​မည်။
အ​ကျင့်​ပျက်​သော​မိန်း​မ
6ငါ့​အိမ်​ပြတင်း​ရွက်​ကြား​မှ ငါ​ကြည့်၍ မြင်​ရ​သော​အ​မှု​ဟူ​မူ​ကား၊ 7ဉာဏ်​တိမ်​သော အ​မျိုး​သား​ချင်း​စု​ကို ငါ​ကြည့်​ရှု​စဉ်​တွင်၊ ဉာဏ်​မ​ရှိ​သော လူ​ပျို​တစ်​ယောက်​သည်၊ 8ထို​သို့​သော မိန်း​မ​နေ​ရာ​လမ်း​ထောင့် အ​နား​သို့​လျှောက်​သွား​သ​ဖြင့်၊ 9မိုး​ချုပ်၍ ညဉ့်​ဦး​အ​ချိန်၊ ညဉ့်​နက်​သော​အ​ချိန်​ရောက်​သော​အ​ခါ၊ ထို​မိန်း​မ​နေ​ရာ​လမ်း​သို့ လိုက်​လေ၏။ 10ပြည့်​တန်​ဆာ​အ​ဝတ်​ကို​ဝတ်၍၊ ဆန်း​ပြား​သော မိန်း​မ​သည် ထို​သူ​ကို ကြို​ဆို၏။ 11ထို​မိန်း​မ​သည် ကျယ်​သော​အ​သံ​နှင့် ခိုင်​မာ​သော စိတ်​သ​ဘော​ရှိ၏။ ကိုယ်​အိမ်၌ မ​နေ၊ လည်​တတ်၏။ 12ခ​ဏ​အိမ်​ပြင်၊ ခ​ဏ​လမ်း​ထဲ​မှာ နေ​လျက်၊ လမ်း​ထောင့်​အ​ရပ်​ရပ်၌ ချောင်း​မြောင်း၍ ကြည့်​တတ်၏။ 13ထို​လူ​ပျို​ကို တွေ့​သော​အ​ခါ၊ ရဲ​သော​မျက်​နှာ​နှင့် ဖမ်း​ဖက်​နမ်း​ရှုပ်​လျက်၊ 14ငါ၌ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​ရှိ၏။ ယ​နေ့ ငါ့​က​တိ​ဝတ်​ကို ငါ​ဖြေ​ပြီ။ 15ထို​ကြောင့် သင့်​ကို ကြို​ဆို​အံ့​သော​ငှာ ငါ​ထွက်​လာ​ပြီ။ သင့်​မျက်​နှာ​ကို ကြိုး​စား​ရှာ၍​တွေ့​ပြီ။ 16ငါ့​ခု​တင်​ကို ချယ်​လှယ်​သော အိပ်​ရာ​ခင်း​နှင့်​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပိတ်​ချော​နှင့်​လည်း​ကောင်း​ပြင်​ဆင်​ပြီ။ 17ငါ့​မွေ့​ရာ​ကို မု​ရန်၊ အ​ကျော်၊ သစ်​ကြံ​ပိုး​နှင့် ထုံ​ပြီ။ 18လာ​ပါ၊ မိုး​လင်း​သည်​တိုင်​အောင် ကာ​မ​ရာ​ဂ​စိတ်​ကို ဖြေ​ကြ​ကုန်​အံ့။ မေ​ထုန်​ပြု၍ မွေ့​လျော်​ကြ​ကုန်​အံ့။ 19ငါ့​အ​ရှင်​သည် အိမ်​မှာ​မ​ရှိ။ ငွေ​အိတ်​ကို​ဆောင်​လျက် ဝေး​သော​အ​ရပ်​သို့ သွား​ပြီ။ 20ပွဲ​နေ့​ရောက်​မှ​သာ ပြန်​လာ​လိမ့်​မည်​ဟု၊ 21ချစ်​ဖွယ်​သော စ​ကား​နှင့် ထို​သူ​ကို သွေး​ဆောင်၍ ချော့​မော့​တတ်​သော နှုတ်​ခမ်း​နှင့် နိုင်​သ​ဖြင့်၊ 22နွား​သည် အ​သေ​ခံ​ရာ​သို့​လိုက်​သ​ကဲ့​သို့​လည်း​ကောင်း၊ သ​မင်​ဒ​ရယ်​သည် မိ​မိ​အ​သည်း၌ မြား​မ​ထိုး​မီ​တိုင်​အောင်၊ ဖမ်း​မိ​ရာ​ထဲ​သို့ ဝင်​သ​ကဲ့​သို့​လည်း​ကောင်း၊ 23ငှက်​သည် မိ​မိ​အ​သက်​ဆုံး​စေ​ခြင်း​ငှာ ထောင်​မှန်း​ကို​မ​ရိပ်​မိ​ဘဲ၊ ကျော့​ကွင်း​ထဲ​သို့ အ​လျင်​အ​မြန် ဝင်​သ​ကဲ့​သို့​လည်း​ကောင်း၊ လူ​ပျို​သည် ထို​မိန်း​မ​နောက်​သို့ ချက်​ချင်း​လိုက်​သွား​တတ်၏။
24သို့​ဖြစ်၍ ငါ့​သား​တို့၊ ငါ့​စ​ကား​ကို နား​ထောင်၍ ငါ​ဟော​ပြော​ချက်​တို့​ကို မှတ်​ကျုံး​ကြ​လော့။ 25ထို​သို့​သော မိန်း​မ​နေ​ရာ​လမ်း​ကို စိတ်​မ​ငဲ့​ကွက်​နှင့်။ သူ​ကျင်​လည်​သော လမ်း​ခ​ရီး​သို့ လွှဲ၍​မ​လိုက်​နှင့်။ 26အ​ကြောင်း​မူ​ကား၊ သူ​သည် စစ်​သူ​ရဲ​အ​များ​တို့​ကို လှဲ​လေ​ပြီ။ ခွန်​အား​ကြီး​သော သူ​အ​များ​တို့​ကို သတ်​လေ​ပြီ။ 27သူ၏​အိမ်​သည် သေ​မင်း၏​ဘုံ​ဗိ​မာန်​သို့​ဆင်း၍၊ မ​ရ​ဏ​နိုင်​ငံ​သို့ ရောက်​သော​လမ်း​ဖြစ်၏။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ