YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 7:6-27

သုတ္တံ 7:6-27 JBMLE

ငါ့​အိမ်​ပြတင်း​ရွက်​ကြား​မှ ငါ​ကြည့်၍ မြင်​ရ​သော​အ​မှု​ဟူ​မူ​ကား၊ ဉာဏ်​တိမ်​သော အ​မျိုး​သား​ချင်း​စု​ကို ငါ​ကြည့်​ရှု​စဉ်​တွင်၊ ဉာဏ်​မ​ရှိ​သော လူ​ပျို​တစ်​ယောက်​သည်၊ ထို​သို့​သော မိန်း​မ​နေ​ရာ​လမ်း​ထောင့် အ​နား​သို့​လျှောက်​သွား​သ​ဖြင့်၊ မိုး​ချုပ်၍ ညဉ့်​ဦး​အ​ချိန်၊ ညဉ့်​နက်​သော​အ​ချိန်​ရောက်​သော​အ​ခါ၊ ထို​မိန်း​မ​နေ​ရာ​လမ်း​သို့ လိုက်​လေ၏။ ပြည့်​တန်​ဆာ​အ​ဝတ်​ကို​ဝတ်၍၊ ဆန်း​ပြား​သော မိန်း​မ​သည် ထို​သူ​ကို ကြို​ဆို၏။ ထို​မိန်း​မ​သည် ကျယ်​သော​အ​သံ​နှင့် ခိုင်​မာ​သော စိတ်​သ​ဘော​ရှိ၏။ ကိုယ်​အိမ်၌ မ​နေ၊ လည်​တတ်၏။ ခ​ဏ​အိမ်​ပြင်၊ ခ​ဏ​လမ်း​ထဲ​မှာ နေ​လျက်၊ လမ်း​ထောင့်​အ​ရပ်​ရပ်၌ ချောင်း​မြောင်း၍ ကြည့်​တတ်၏။ ထို​လူ​ပျို​ကို တွေ့​သော​အ​ခါ၊ ရဲ​သော​မျက်​နှာ​နှင့် ဖမ်း​ဖက်​နမ်း​ရှုပ်​လျက်၊ ငါ၌ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​ရှိ၏။ ယ​နေ့ ငါ့​က​တိ​ဝတ်​ကို ငါ​ဖြေ​ပြီ။ ထို​ကြောင့် သင့်​ကို ကြို​ဆို​အံ့​သော​ငှာ ငါ​ထွက်​လာ​ပြီ။ သင့်​မျက်​နှာ​ကို ကြိုး​စား​ရှာ၍​တွေ့​ပြီ။ ငါ့​ခု​တင်​ကို ချယ်​လှယ်​သော အိပ်​ရာ​ခင်း​နှင့်​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပိတ်​ချော​နှင့်​လည်း​ကောင်း​ပြင်​ဆင်​ပြီ။ ငါ့​မွေ့​ရာ​ကို မု​ရန်၊ အ​ကျော်၊ သစ်​ကြံ​ပိုး​နှင့် ထုံ​ပြီ။ လာ​ပါ၊ မိုး​လင်း​သည်​တိုင်​အောင် ကာ​မ​ရာ​ဂ​စိတ်​ကို ဖြေ​ကြ​ကုန်​အံ့။ မေ​ထုန်​ပြု၍ မွေ့​လျော်​ကြ​ကုန်​အံ့။ ငါ့​အ​ရှင်​သည် အိမ်​မှာ​မ​ရှိ။ ငွေ​အိတ်​ကို​ဆောင်​လျက် ဝေး​သော​အ​ရပ်​သို့ သွား​ပြီ။ ပွဲ​နေ့​ရောက်​မှ​သာ ပြန်​လာ​လိမ့်​မည်​ဟု၊ ချစ်​ဖွယ်​သော စ​ကား​နှင့် ထို​သူ​ကို သွေး​ဆောင်၍ ချော့​မော့​တတ်​သော နှုတ်​ခမ်း​နှင့် နိုင်​သ​ဖြင့်၊ နွား​သည် အ​သေ​ခံ​ရာ​သို့​လိုက်​သ​ကဲ့​သို့​လည်း​ကောင်း၊ သ​မင်​ဒ​ရယ်​သည် မိ​မိ​အ​သည်း၌ မြား​မ​ထိုး​မီ​တိုင်​အောင်၊ ဖမ်း​မိ​ရာ​ထဲ​သို့ ဝင်​သ​ကဲ့​သို့​လည်း​ကောင်း၊ ငှက်​သည် မိ​မိ​အ​သက်​ဆုံး​စေ​ခြင်း​ငှာ ထောင်​မှန်း​ကို​မ​ရိပ်​မိ​ဘဲ၊ ကျော့​ကွင်း​ထဲ​သို့ အ​လျင်​အ​မြန် ဝင်​သ​ကဲ့​သို့​လည်း​ကောင်း၊ လူ​ပျို​သည် ထို​မိန်း​မ​နောက်​သို့ ချက်​ချင်း​လိုက်​သွား​တတ်၏။ သို့​ဖြစ်၍ ငါ့​သား​တို့၊ ငါ့​စ​ကား​ကို နား​ထောင်၍ ငါ​ဟော​ပြော​ချက်​တို့​ကို မှတ်​ကျုံး​ကြ​လော့။ ထို​သို့​သော မိန်း​မ​နေ​ရာ​လမ်း​ကို စိတ်​မ​ငဲ့​ကွက်​နှင့်။ သူ​ကျင်​လည်​သော လမ်း​ခ​ရီး​သို့ လွှဲ၍​မ​လိုက်​နှင့်။ အ​ကြောင်း​မူ​ကား၊ သူ​သည် စစ်​သူ​ရဲ​အ​များ​တို့​ကို လှဲ​လေ​ပြီ။ ခွန်​အား​ကြီး​သော သူ​အ​များ​တို့​ကို သတ်​လေ​ပြီ။ သူ၏​အိမ်​သည် သေ​မင်း၏​ဘုံ​ဗိ​မာန်​သို့​ဆင်း၍၊ မ​ရ​ဏ​နိုင်​ငံ​သို့ ရောက်​သော​လမ်း​ဖြစ်၏။