YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 4:20-27

သုတ္တံ 4:20-27 JBMLE

ငါ့​သား၊ ငါ့​စ​ကား​ကို​နား​ထောင်​လော့။ ငါ​ဟော​ပြော​ချက်​တို့​ကို နား​သွင်း​လော့။ သင့်​မျက်​မှောက်​မှ မ​ကွာ​စေ​နှင့်။ နှ​လုံး​တွင်း၌ စောင့်​ထား​လော့။ အ​ကြောင်း​မူ​ကား၊ ထို​တ​ရား​စ​ကား​ကို တွေ့​ရ​သော​သူ​တို့​သည် အ​သက်​ရှင်​ခြင်း၊ တစ်​ကိုယ်​လုံး​ကျန်း​မာ​ခြင်း​အ​ကြောင်း​ကို တွေ့​ရ​ပြီ။ နှ​လုံး​သည် အ​သက်၏​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်၊ သင်၏​နှ​လုံး​ကို အ​ထူး​သ​ဖြင့် စောင့်​ရှောက်​လော့။ ကောက်​သော​စ​ကား​တို့​ကို​လည်း​ကောင်း၊ ငြင်း​ဆန်​တတ်​သော​နှုတ်​ခမ်း​တို့​ကို​လည်း​ကောင်း ဝေး​စွာ​ပယ်​ရှောင်​လော့။ သင်၏​မျက်​စိ​သည်​ရှေ့​ရှု​ကြည့်၍၊ မျက်​ခမ်း​တို့​သည် တည့်​တည့်​အာ​ရုံ​ပြု​စေ​လော့။ သင်​သွား​ရာ​လမ်း​ကို စူး​စမ်း၍၊ သွား​လေ​ရာ​ရာ၌ တည်​ကြည်​ခြင်း​ရှိ​စေ​လော့။ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​တိမ်း​မ​လွှဲ​နှင့်။ ဒု​စ​ရိုက်​ပြု​ရာ​လမ်း​ကို​ရှောင်​လော့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။