လိုက်သောသူမရှိသော်လည်း၊ မတရားသောသူသည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့သို့ ရဲရင့်တတ်၏။ ပြည်သူပြည်သား အပြစ်ကြောင့်၊ မင်းတို့သည် များပြားတတ်ကြ၏။ ဉာဏ်ပညာနှင့် ပြည့်စုံသောသူအားဖြင့် နိုင်ငံတည်တတ်၏။ ဆင်းရဲသားတို့ကို ညှဉ်းဆဲသောဆင်းရဲသားသည် အဘယ်စားစရာမျှ မကြွင်းစေဘဲ၊ သုတ်သင်ပယ်ရှင်းသော မိုးရေနှင့်တူ၏။ တရားကိုဖျက်သောသူသည် မတရားသောသူတို့ကို ချီးမွမ်းတတ်၏။ တရားကိုစောင့်သောသူမူကား၊ သူတို့နှင့် ဆန့်ကျင်ဘက် ပြုတတ်၏။ အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည်တတ်။ ထာဝရဘုရားကိုရှာသောသူမူကား၊ ခပ်သိမ်းသော စီရင်ခြင်းကို နားလည်တတ်၏။ မမှန်သောအမှုကို ပြုသောသူသည် ငွေရတတ်သော်လည်း၊ ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သော ဆင်းရဲသားသည် သာ၍မြတ်၏။
သုတ္တံ 28 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 28:1-6
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ