YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 28:1-6

သုတ္တံ 28:1-6 JBMLE

လိုက်​သော​သူ​မ​ရှိ​သော်​လည်း၊ မ​တ​ရား​သော​သူ​သည် ပြေး​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ ခြင်္သေ့​ကဲ့​သို့ ရဲ​ရင့်​တတ်၏။ ပြည်​သူ​ပြည်​သား အ​ပြစ်​ကြောင့်၊ မင်း​တို့​သည် များ​ပြား​တတ်​ကြ၏။ ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​သော​သူ​အား​ဖြင့် နိုင်​ငံ​တည်​တတ်၏။ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​ဆင်း​ရဲ​သား​သည် အ​ဘယ်​စား​စ​ရာ​မျှ မ​ကြွင်း​စေ​ဘဲ၊ သုတ်​သင်​ပယ်​ရှင်း​သော မိုး​ရေ​နှင့်​တူ၏။ တ​ရား​ကို​ဖျက်​သော​သူ​သည် မ​တ​ရား​သော​သူ​တို့​ကို ချီး​မွမ်း​တတ်၏။ တ​ရား​ကို​စောင့်​သော​သူ​မူ​ကား၊ သူ​တို့​နှင့် ဆန့်​ကျင်​ဘက် ပြု​တတ်၏။ အ​ဓ​မ္မ​လူ​သည် တ​ရား​စီ​ရင်​ခြင်း​ကို နား​မ​လည်​တတ်။ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​သော​သူ​မူ​ကား၊ ခပ်​သိမ်း​သော စီ​ရင်​ခြင်း​ကို နား​လည်​တတ်၏။ မ​မှန်​သော​အ​မှု​ကို ပြု​သော​သူ​သည် ငွေ​ရ​တတ်​သော်​လည်း၊ ဖြောင့်​မတ်​ခြင်း​လမ်း​သို့​လိုက်​သော ဆင်း​ရဲ​သား​သည် သာ၍​မြတ်၏။

​သုတ္တံ 28:1-6 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။