YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 27

27
1နက်​ဖြန်​နေ့​ကို အ​မှီ​ပြု၍ မ​ဝါ​ကြွား​နှင့်။ တစ်​ရက် အ​တွင်း​တွင် အ​ဘယ်​သို့ ဖြစ်​လိမ့်​မည်​ကို မ​သိ​နိုင်။#ယာ၊ ၄း၁၃-၁၆။ 2ကိုယ်​တိုင်​ကိုယ်​ကို မ​ချီး​မွမ်း​ဘဲ သူ​တစ်​ပါး​ချီး​မွမ်း​ပါ​လေ​စေ။ ကိုယ်​နှုတ်​နှင့် ကိုယ်​ကို​မ​ချီး​မွမ်း​ဘဲ၊ ကိုယ်​နှင့်​မ​ဆိုင်​သော သူ​တစ်​ပါး ချီး​မွမ်း​ပါ​လေ​စေ။ 3ကျောက်​နှင့် သဲ​သည်​လေး၏။ မိုက်​သော​သူ၏​ဒေါ​သ​သည် ထို​နှစ်​ပါး​ထက်​သာ၍​လေး၏။ 4မာ​န​သည် ကြမ်း​ကြုတ်​သော​သ​ဘော​ရှိ၏။ ဒေါ​သ​သည် ပြင်း​ထန်​တတ်၏။ ငြူ​စူ​သော​စိတ်​ကို​ကား၊ အ​ဘယ်​သူ​ဆီး၍ ခံ​နိုင်​သ​နည်း။ 5ထင်​ရှား​စွာ ဆုံး​မ​ပြစ်​တင်​ခြင်း​သည် တိတ်​ဆိတ်​စွာ ချစ်​ခြင်း​ထက်​သာ၍​ကောင်း၏။ 6အ​ဆွေ​ခင်​ပွန်း​သည် ဒဏ်​ပေး​သော​အ​ခါ သ​စ္စာ​စောင့်​လျက်​ပေး၏။ ရန်​သူ​မူ​ကား၊ နမ်း​သော​အ​ခါ လှည့်​စား​တတ်၏။ 7စား၍​ဝ​သော​သူ​သည် ပျား​လ​ပို့​ကို​ပင်​ငြင်း​ပယ်​လိမ့်​မည်။ မွတ်​သိပ်​သော​သူ​မူ​ကား၊ ခါး​သော​အ​ရာ​ကို ချို​သည်​ဟု ထင်​တတ်၏။ 8မိ​မိ​နေ​ရာ​ကို​စွန့်၍ လည်​သော​သူ​သည် မိ​မိ​အ​သိုက်​ကို စွန့်၍​လည်​သော ငှက်​နှင့်​တူ၏။ 9နံ့​သာ​ဆီ​နှင့် နံ့​သာ​ရည်​သည် ရွှင်​လန်း​စေ​သ​ကဲ့​သို့၊ ကြည်​ညို​သော​စိတ်​နှင့် အ​ကြံ​ပေး​တတ်​သော အ​ဆွေ​ခင်​ပွန်း၏ ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​သည် ရွှင်​လန်း​စေ​တတ်၏။ 10ကိုယ်​အ​ဆွေ​ခင်​ပွန်း​နှင့် အ​ဘ၏​အ​ဆွေ​ခင်​ပွန်း​ကို မ​စွန့်​နှင့်။ အ​မှု​ရောက်​သော​ကာ​လ၌၊ ညီ​အစ်​ကို​အိမ်​သို့​မ​သွား​နှင့်။ နီး​သော​အိမ်​နီး​ချင်း​သည် ဝေး​သော​ညီ​အစ်​ကို​ထက် သာ၍​ကောင်း၏။ 11ငါ့​သား၊ ပ​ညာ​ရှိ​လော့။ ကဲ့​ရဲ့​သော​သူ၏​စ​ကား​ကို ငါ​ချေ​နိုင်​အောင်၊ ငါ့​စိတ်​ကို ရွှင်​လန်း​စေ​လော့။ 12သ​မ္မာ​သ​တိ​ရှိ​သော​သူ​သည် အ​မှု​ကို​မြော်​မြင်၍၊ ပုန်း​ရှောင်​လျက် နေ​တတ်၏။ ဉာဏ်​တိမ်​သော​သူ​မူ​ကား၊ အ​စဉ်​အ​တိုင်း​သွား၍ အ​မှု​နှင့်​တွေ့​တတ်၏။
13မ​ကျွမ်း​သော​သူ​အ​တွက်၊ အ​မျိုး​ပျက်​သော​မိန်း​မ​အ​တွက်၊ အာ​မ​ခံ​တတ်​သော​သူ​သည် အ​ဝတ်​အ​စ​ရှိ​သော ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ပေါင်​ထား​စေ။ 14နံ​နက်​စော​စော​ထ၍၊ မိ​မိ​အ​ဆွေ​ခင်​ပွန်း​ကို ကျယ်​သော​အ​သံ​နှင့် ကောင်း​ချီး​ပေး​သော​သူ​သည် ကျိန်​ဆဲ​ခြင်း​ကို ပြု​ရာ​ရောက်၏။ 15ရန်​တွေ့​တတ်​သော​မ​ယား​သည် မိုး​သည်း​စွာ​ရွာ​သော​နေ့၌ အ​စက်​စက်​ကျ​သော မိုး​ပေါက်​နှင့် တူ၏။ 16ထို​မိန်း​မ​ကို သိမ်း​ထား​သော​သူ​သည် လေ​ကို သိမ်း​ထား​သော​သူ​နှင့် တူ၏။ လက်​ယာ​လက်၌​လိမ်း​သော နံ့​သာ​ဆီ​ကို ဝှက်၍​မ​ထား​နိုင်။ 17သံ​ကို သံ​ဖြင့်​ထက်​စေ​သ​ကဲ့​သို့၊ လူ​သည် အ​ဆွေ​ခင်​ပွန်း၏​မျက်​နှာ​ကို ထက်​စေ​တတ်၏။ 18သင်္ဘော​သ​ဖန်း​ပင်​ကို စောင့်​သော​သူ​သည် သင်္ဘော​သ​ဖန်း​သီး​ကို စား​ရ၏။ ထို​နည်း​တူ၊ သ​ခင်​အ​မှု​ကို ဆောင်​ရွက်​သော​သူ​သည် ဂုဏ်​အ​သ​ရေ​ကို​ရ​တတ်၏။ 19ရေ၌ လူ​မျက်​နှာ​ချင်း​တူ​သ​ကဲ့​သို့၊ လူ​တစ်​ယောက်​နှင့် တစ်​ယောက် စိတ်​သ​ဘော​တူ​ကြ၏။ 20မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ဗ​ဒ္ဒုန်​နိုင်​ငံ​သည် အ​လို​မ​ပြည့်​စုံ​သ​ကဲ့​သို့၊ လူ​တို့​မျက်​စိ​သည် အ​လို​မ​ပြည့်​စုံ​တတ်။ 21ငွေ​စစ်​စ​ရာ​ဖို့ မိုက်​ရှိ၏။ ရွှေ​စစ်​စ​ရာ​ဖို့ မီး​ဖို​ရှိ၏။ လူ​ကို​စစ်​စ​ရာ​ဖို့ သူ​တစ်​ပါး​ချီး​မွမ်း​ခြင်း​ရှိ၏။ 22မိုက်​သော​သူ​ကို စ​ပါး​နှင့်​အ​တူ​ဆုံ၌ ကျည်​ပွေ့​နှင့် ထောင်း​သော်​လည်း၊ မိုက်​သော​သ​ဘော မ​ထွက်​တတ်။
23သင်၏ သိုး​စု​အ​ကြောင်း​တို့​ကို​သိ​ခြင်း​ငှာ ကြိုး​စား​လော့။ နွား​စု​တို့​ကို​လည်း စေ့​စေ့​ကြည့်​ရှု​လော့။ 24စည်း​စိမ်​သည် အ​မြဲ​မ​တည်​တတ်။ ရှင်​ဘု​ရင်၏​စည်း​စိမ်​သော်​လည်း၊ လူ​မျိုး​အ​စဉ်​အ​ဆက် မ​တည်​တတ်။ 25မြက်​ပင်​ပေါက်​တတ်၏။ ပျိုး​ပင်​လည်း ထင်​ရှား​တတ်၏။ တောင်​ယာ​အ​သီး​ကို​လည်း သိမ်း​ရ၏။ 26သိုး​သ​ငယ်​တို့​သည် သင်​ဝတ်​စ​ရာ​ဖို့၊ ဆိတ်​တို့​လည်း မြေ​အ​ဖိုး​ကို​ဖြေ​စ​ရာ​ဖို့ ဖြစ်၏။ 27သင်​စား​စ​ရာ​ဖို့၊ အိမ်​သူ​အိမ်​သား​စား​စ​ရာ​ဖို့၊ ကျွန်​မိန်း​မ​များ​ကို ကျွေး​စ​ရာ​ဖို့ ဆိတ်​နို့​လောက်​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 27: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။