YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 25

25
ရှော​လ​မုန်​မင်း၏​စ​ကား​ပုံ​များ
1ယု​ဒ​ရှင်​ဘု​ရင် ဟေ​ဇ​ကိ​လူ​တို့​ကူး​ရေး​သော ရှော​လ​မုန်​မင်း၏​သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊ 2အ​မှု​အ​ရေး​ကို​ဝှက်​ထား​ခြင်း​သည် ဘု​ရား​သ​ခင်၏​ဘုန်း​တော်​နှင့် သင့်၏။ ရှင်​ဘု​ရင်​မူ​ကား၊ အ​မှု​အ​ရေး​ကို စစ်​ကြော​ခြင်း​အား​ဖြင့် ဂုဏ်​အ​သ​ရေ​တည်၏။ 3မိုး​ကောင်း​ကင်​သည် မြင့်၏။ မြေ​ကြီး​သည် နက်၏။ ရှင်​ဘု​ရင်​နှ​လုံး​ကို​လည်း စစ်၍​မ​သိ​နိုင်။ 4ငွေ​ထဲ​က ချော်​ကို​ထုတ်​ပယ်​လျှင်၊ ပန်း​ထိမ်​သ​မား​နှင့် တော်​သင့်​သော​ဖ​လား​ကို ရ​လိမ့်​မည်။ 5မ​တ​ရား​သော သူ​တို့​ကို ရှင်​ဘု​ရင်​ထံ​တော်​မှ ပယ်​ရှား​လျှင်၊ အာ​ဏာ​တော်​သည် တ​ရား​အား​ဖြင့် တည်​လိမ့်​မည်။ 6ရှင်​ဘု​ရင်​ထံ​တော်၌ ကိုယ်​ကို မ​ချီး​မြှောက်​နှင့်။ လူ​ကြီး​နေ​ရာ၌ မ​နေ​နှင့်။#လု၊ ၁၄း၈-၁၀။ 7အ​ကြောင်း​မူ​ကား၊ ဖူး​မြင်​ရ​သော​မင်း​ရှေ့​မှာ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​သည်​ထက်၊ ဤ​အ​ရပ်​သို့​တက်​ပါ​ဟူ​သော စ​ကား​ကို သာ၍​ကြား​ကောင်း၏။ 8အ​လျင်​အ​မြန် ရန်​မ​တွေ့​နှင့်။ အိမ်​နီး​ချင်း​သည် သင့်​ကို​အ​ရှက်​ခွဲ​ပြီး​မှ၊ သင်​သည် အ​ဘယ်​သို့ ပြု​မည်​နည်း။ 9သင်​သည် အိမ်​နီး​ချင်း​နှင့် ကိုယ်​အ​မှု​ကို ဆွေး​နွေး​လော့။ ဝှက်​ထား​အပ်​သော​အ​မှု​အ​ရာ​ကို သူ​တစ်​ပါး​အား ထုတ်၍​မ​ပြ​နှင့်။ 10သို့​မ​ဟုတ်၊ သူ​သည် သင့်​ကို​အ​ရှက်​ခွဲ​သ​ဖြင့်၊ သင်၏​ဂုဏ်​အ​သ​ရေ​သည် အ​စဉ်​ဆုံး​လိမ့်​မည်။ 11လျောက်​ပတ်​သော​စ​ကား​သည် ငွေ​အ​ပြောက်​မှာ စီ​ချယ်​သော ရွှေ​ရှောက်​ချို​သီး​နှင့် တူ၏။ 12နား​ထောင်​တတ်​သော​သူ​ကို လျောက်​ပတ်​စွာ ဆုံး​မ​တတ်​သော​သူ​သည် ရွှေ​နား​တောင်း​ကဲ့​သို့​လည်း​ကောင်း၊ ရွှေ​စင်​တန်​ဆာ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။ 13စ​ပါး​ရိတ်​ရာ​ကာ​လ၌ မိုး​ပွင့်​ကြောင့်​ချမ်း​သ​ကဲ့​သို့၊ သ​စ္စာ​စောင့်​သော​တ​မန်​သည် စေ​လွှတ်​သော​သူ၌​ဖြစ်၍၊ သ​ခင်​စိတ်​ကို ချမ်း​ဧ​စေ​တတ်၏။ 14ပေး​မည်​ဟု ဝါ​ကြွား၍​မ​ပေး​ဘဲ​နေ​သော​သူ​သည် မိုး​ရေ​မ​ပါ​သော တိမ်​နှင့် လေ​ကဲ့​သို့​ဖြစ်၏။ 15ကြာ​မြင့်​စွာ​သည်း​ခံ​လျှင် မင်း​ကို​ဖျောင်း​ဖျ​နိုင်၏။ ချို​သော​စ​ကား​သည်​လည်း အ​ရိုး​ကျိုး​အောင်​တတ်​နိုင်၏။
16ပျား​ရည်​ကို တွေ့​သ​လော။ ဝ​ရုံ​သာ​စား​တော့။ အ​စား​ကြူး​လျှင် ရင်​ပြည့်၍ အန်​ရ​လိမ့်​မည်။ 17သင်၏ အိမ်​နီး​ချင်း​အိမ်၌ ကြာ​မြင့်​စွာ​မ​နေ​နှင့်။ နေ​လျှင် သူ​သည် သင့်​ကို​ငြီး​ငွေ့၍ မုန်း​လိမ့်​မည်။ 18အိမ်​နီး​ချင်း​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို ခံ​သော​သူ​သည် တုတ်၊ ဓား၊ သံ​ချွန်​နှင့်​တူ၏။ 19အ​မှု​ရောက်​သော​ကာ​လ၌ သ​စ္စာ​ပျက်​တတ်​သော​သူ​ကို​ယုံ​လျှင် သွား​ကျိုး​ခြင်း၊ ခြေ​ဆစ်​ပြုတ်​ခြင်း​ကို ခံ​ရ၏။ 20စိတ်​ညှိုး​ငယ်​သော​သူ​အား သီ​ချင်း​ဆို​သော​သူ​သည် ဆောင်း​ကာ​လ၌ အ​ဝတ်​ကို​ချွတ်​သော​သူ၊ ယမ်း​စိမ်း​ပေါ်​မှာ ပုံး​ရည်​ကို လောင်း​သော​သူ​နှင့် တူ၏။ 21သင်၏​ရန်​သူ​သည် မွတ်​သိပ်​လျှင် လုပ်​ကျွေး​လော့။ ရေ​ငတ်​လျှင် သောက်​စ​ရာ​ဖို့​ပေး​လော့။#ရော၊ ၁၂:၂၀။ 22ထို​သို့​ပြု​လျှင် သူ၏​ခေါင်း​ပေါ်၌ မီး​ခဲ​ကို​ပုံ​ထား၍၊ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ သင်၌ ဆု​ချ​တော်​မူ​မည်။ 23မြောက်​လေ​သည် မိုး​ရေ​ကို​ဆောင်​တတ်​သ​ကဲ့​သို့၊ ကုန်း​တိုက်​သော​လျှာ​သည် ဒေါ​သ​မျက်​နှာ​ကို ဆောင်​တတ်၏။ 24ရန်​တွေ့​တတ်​သော​မိန်း​မ​နှင့် လူ​များ​သော​အိမ်၌​နေ​သည်​ထက်၊ အိမ်​မိုး​ပေါ်​ထောင့်​ထဲ​မှာ​နေ​သော် သာ၍​ကောင်း၏။ 25ဝေး​သော​ပြည်​မှ​ရောက်​လာ​သော ဝမ်း​မြောက်​စ​ရာ​သ​တင်း​စ​ကား​သည် ရေ​ငတ်​သော​သူ၌ ချမ်း​ဧ​သော​ရေ​ကဲ့​သို့ ဖြစ်၏။ 26ဖြောင့်​မတ်​သော​သူ​သည် မ​တ​ရား​သော​သူ​ရှေ့​တွင် မှား​ယွင်း​လျှင်၊ နောက်​သော​ရေ​ကန်၊ ပုပ်​သော​စမ်း​ရေ​တွင်း​နှင့် တူ၏။ 27ပျား​ရည်​ကို​စား​ကြူး​လျှင် မ​ကောင်း​သ​ကဲ့​သို့၊ ကိုယ်​ဂုဏ်​သ​ရေ​ကို​ရှာ​လျှင် ဂုဏ်​အ​သ​ရေ​မ​ရှိ။ 28ကိုယ်​စိတ်​ကို မ​ချုပ်​တည်း​နိုင်​သော​သူ​သည် မြို့​ရိုး​ပြို​ပျက်၍ ဟင်း​လင်း​ရှိ​သော​မြို့​နှင့် တူ၏။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 25: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။