YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 23:29-35

သုတ္တံ 23:29-35 JBMLE

အ​ဘယ်​သူ​သည် ဝမ်း​နည်း​ခြင်း​ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် ညည်း​တွား​ခြင်း​ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် ရန်​တွေ့​ခြင်း ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် မြည်​တမ်း​ခြင်း​ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် အ​ကျိုး​အ​ကြောင်း​မ​ရှိ၊ ထိ​ခိုက်၍​နာ​ခြင်း​ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် မျက်​စိ​နီ​ခြင်း​ရှိ​သ​နည်း​ဟူ​မူ​ကား၊ စ​ပျစ်​ရည်​ကို ကြာ​မြင့်​စွာ သောက်​လျက်​နေ​သော​သူ၊ ဆေး​နှင့်​ရော​သော စ​ပျစ်​ရည်​ကို ရှာ​တတ်​သော​သူ​တို့​သည် ထို​သို့​သော လ​က္ခ​ဏာ​ရှိ​ကြ၏။ ဖ​လား၌​နီ​လျက်၊ အ​ရောင်​တောက်​လျက်၊ အ​ချို​အ​မြိန်​ဝင်​လျက်​ရှိ​သော စ​ပျစ်​ရည်​ကို မ​ကြည့်​မ​ရှု​နှင့်။ နောက်​ဆုံး၌ မြွေ​ကဲ့​သို့ ကိုက်​တတ်၏။ မြွေ​ဆိုး​ကဲ့​သို့ နာ​စေ​တတ်၏။ သင့်​မျက်​စိ​တို့​သည် အ​မျိုး​ပျက်​သော​မိန်း​မ​တို့​ကို ကြည့်​ရှု၍၊ သင့်​နှ​လုံး​သည်​လည်း ကောက်​သော​စ​ကား​ကို မြွက်​ဆို​လိမ့်​မည်။ အ​ကယ်​စင်​စစ် သင်​သည် ပင်​လယ်​အ​လယ်၌ အိပ်​သော​သူ၊ သင်္ဘော​ရွက်​တိုင်​ဖျား​ပေါ်​မှာ အိပ်​သော​သူ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ သူ​တို့​သည် ငါ့​ကို​ရိုက်​ကြ​ပြီ။ သို့​သော်​လည်း ငါ​မ​နာ။ ငါ့​ကို​ထိုး​ကြ​သော်​လည်း ငါ​မ​သိ။ အ​ဘယ်​အ​ချိန်​မှ ငါ​နိုး​ရ​မည်​နည်း။ တစ်​ဖန် ငါ​ရှာ​ဦး​မည်​ဟု သင်​ဆို​လိမ့်​သ​တည်း။

​သုတ္တံ 23:29-35 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။