YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 16:18-25

သုတ္တံ 16:18-25 JBMLE

မာ​န​သည် ပျက်​စီး​ခြင်း​အ​ရင်၊ ထောင်​လွှား​သော​သ​ဘော​သည် ရှုတ်​ချ​ခြင်း​အ​ရင်၌ နေ​ရာ​ကျ​တတ်၏။ စိတ်​နှိမ့်​ချ​သော​သူ​တို့​နှင့် ပေါင်း​ဖော်၍ စိတ်​နှိမ့်​ချ​ခြင်း​သည်၊ မာ​န​ကြီး​သော​သူ​တို့​နှင့် ဆက်​ဆံ၍ လု​ယူ​သော​ဥ​စ္စာ​ကို ဝေ​မျှ​ခြင်း​ထက် သာ၍​ကောင်း၏။ ပ​ညာ​နှင့် အ​မှု​စောင့်​သော​သူ​သည် အ​ကျိုး​ကို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​သည်​လည်း မင်္ဂ​လာ​ရှိ၏။ လိ​မ္မာ​သော စိတ်​သ​ဘော​ရှိ​သော​သူ​သည် ပ​ညာ​သ​တိ​ရှိ​သည်​ဟု ကျော်​စော​ရာ​သို့ ရောက်​တတ်၏။ ချို​သော​စ​ကား​ကို ပြော​တတ်​သော နှုတ်​သ​တ္တိ​သည်​လည်း ပ​ညာ​အ​တတ်​ကို တိုး​ပွား​စေ​တတ်၏။ ဉာဏ်​ပ​ညာ​ကို​ရ​သော​သူ​သည် အ​သက်​စမ်း​ရေ​တွင်း​ကို ရ၏။ မိုက်​သော​သူ​တို့၏ သွန်​သင်​ခြင်း​မူ​ကား၊ မိုက်​ခြင်း​ဖြစ်၏။ ပ​ညာ​ရှိ​သော​သူ၏​နှ​လုံး​သည် သူ၏​နှုတ်​ကို​သွန်​သင်၍၊ သူ၏​နှုတ်​ခမ်း​တို့၌ ပ​ညာ​အ​တတ်​ကို ထပ်​လောင်း​တတ်၏။ သာ​ယာ​သော​စ​ကား​တို့​သည် ပျား​လ​ပို့​ကဲ့​သို့​ဖြစ်၍၊ စိတ်​ဝိ​ညာဉ်၌ ချို​မြိန်​လျက်၊ ကိုယ်​အ​ရိုး​ကို ကျန်း​မာ​စေ​လျက်​ရှိ​ကြ၏။ လူ​ထင်​သည်​အ​တိုင်း မှန်​သော​လ​က္ခ​ဏာ​ရှိ​သော်​လည်း၊ အ​ဆုံး၌ သေ​ခြင်း​သို့​ပို့​သော​လမ်း​တစ်​မျိုး​ရှိ၏။

​သုတ္တံ 16:18-25 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။