YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 11:1-11

သုတ္တံ 11:1-11 JBMLE

မ​မှန်​သော​ချိန်​ခွင်​သည် ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​ဖွယ်၊ မှန်​သော​အ​လေး​မူ​ကား၊ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။ မာ​န​ထောင်​လွှား​သော​အ​ခါ အ​ရှက်​ကွဲ​ခြင်း​ဖြစ်​တတ်၏။ စိတ်​နှိမ့်​ချ​သော​သူ​တို့၌​ကား ပ​ညာ​ရှိ၏။ ဖြောင့်​သော​သ​ဘော​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ပဲ့​ပြင်​တတ်၏။ ကောက်​သော​သ​ဘော​မူ​ကား၊ လွန်​ကျူး​သော​သူ​တို့​ကို ဖျက်​ဆီး​တတ်၏။ အ​မျက်​ဒေါ​သ​ထွက်​သော​ကာ​လ၌ စည်း​စိမ်​ဥ​စ္စာ​သည် အ​ကျိုး​မ​ပေး​နိုင်။ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​မူ​ကား၊ သေ​ခြင်း​မှ ကယ်​တင်​တတ်၏။ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် စုံ​လင်​သော​သူ​တို့​ကို ပဲ့​ပြင်​တတ်၏။ မ​တ​ရား​သော​သူ​မူ​ကား၊ မိ​မိ​မ​တ​ရား​သော​အ​မှု​အား​ဖြင့် ဆုံး​ရှုံး​တတ်၏။ ဖြောင့်​မတ်​သော​သူ​တို့၏ ဖြောင့်​မတ်​သော​သ​ဘော​သည် သူ​တို့​ကို ကယ်​တင်​တတ်၏။ လွန်​ကျူး​သော​သူ​တို့​မူ​ကား၊ မိ​မိ​တို့​အ​ဓ​မ္မ၌ ကျော့​မိ​တတ်​ကြ၏။ ဆိုး​သော​သူ​သည် သေ​သော​အ​ခါ မျှော်​လင့်​ခြင်း​ပျက်​တတ်၏။ မ​တ​ရား​သော​သူ၏ တောင့်​တ​ခြင်း​လည်း ပျက်​တတ်၏။ ဖြောင့်​မတ်​သော​သူ​သည် ဒု​က္ခ​ထဲ​က​ထွက်​မြောက်၍၊ သူ့​ကိုယ်​စား မ​တ​ရား​သော​သူ​ခံ​ရ၏။ အ​ဓ​မ္မ​လူ​သည် မိ​မိ​နှုတ်​ဖြင့် မိ​မိ​အိမ်​နီး​ချင်း​ကို​ဖျက်​တတ်၏။ တ​ရား​သော​သူ​မူ​ကား၊ ပ​ညာ​အ​တတ်​အား​ဖြင့် အ​မှု​လွတ်​တတ်၏။ တ​ရား​သော​သူ​သည် ကောင်း​စား​သော​အ​ခါ တစ်​မြို့​လုံး​ဝမ်း​မြောက်​ခြင်း​ရှိ၏။ မ​တ​ရား​သော​သူ​သည် ဆုံး​ရှုံး​သော​အ​ခါ​မူ​ကား၊ ကြွေး​ကြော်​ခြင်း​ရှိ၏။ တ​ရား​သော​သူ​သည် ကောင်း​ချီး​ပေး​သော​အား​ဖြင့် သူ၏​နေ​ရာ​မြို့​သည် ချီး​မြှောက်​ခြင်း​သို့​လည်း​ကောင်း၊ မ​တ​ရား​သော​သူ၏​နှုတ်​ဖြင့် ဖြို​ဖျက်​ခြင်း​သို့​လည်း​ကောင်း ရောက်​တတ်၏။