YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 4:1-23

ဖိလိပ္ပိ 4:1-23 JBMLE

ထို​ကြောင့် ငါ​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း၊ ငါ့​ဦး​ရစ်​သ​ရ​ဖူ​တည်း​ဟူ​သော၊ ငါ​ချစ်၍ အ​လွန်​လွမ်း​သော ညီ​အစ်​ကို​တို့၊ ငါ​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း သ​ခင်​ဘု​ရား၌ တည်​နေ​ကြ​လော့၊ ငါ့​ချစ်​သူ​တို့။- ဧ​ဝေါ​ဒိ​နှင့်​သု​န္တုတ်​တို့​သည် သ​ခင်​ဘု​ရား၌ သ​ဘော တ​ညီ​တ​ညွတ်​တည်း ဖြစ်​ရ​ကြ​မည်​အ​ကြောင်း​ကို ငါ​တောင်း​ပန် သွေး​ဆောင်​ပါ၏။- အ​ချင်း ငါ့​လုပ်​ဖော်​ဆောင်​ဖက်​စစ်၊ သင့်ကို​လည်း ငါ​တောင်း​ပန်၏။ ငါ​နှင့် က​လေ​မင်​မှ​စ၍ အ​သက်​စာ​ရင်း​ဝင်​သော အ​ခြား​သော ငါ၏​လုပ်​ဖော်​ဆောင်​ဖက်​တို့​နှင့်​အ​တူ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​အ​မှု၌ ကူ​ညီ၍ ကြိုး​စား​အား​ထုတ်​သော မိန်း​မ​တို့​ကို မ​စ​ထောက်​ပံ့​ပါ​လော့။ သ​ခင်​ဘု​ရား၌ အ​စဉ်​မ​ပြတ် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ တစ်​ဖန် ငါ​ဆို​သည်​ကား ဝမ်း​မြောက်​ကြ​လော့။- လူ​အ​ပေါင်း​တို့​ရှေ့၌ သင် တို့၏ ဖြည်း​ညင်း​ခြင်း သ​ဘော​ကို ထင်​ရှား​စေ​ကြ​လော့။ သ​ခင်​ဘု​ရား​သည် အ​နီး​အ​ပါး၌ ရှိ​တော်​မူ၏။- အ​ဘယ်​အ​မှု​ကို​မျှ စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ဆု​တောင်း​ပ​တ္ထ​နာ ပြု​သော​အား​ဖြင့်၊ သင်​တို့​တောင်း​ပန်​လို​သော အ​ရာ​များ​တို့​ကို ဘု​ရား​သ​ခင်​အား ကြား​လျှောက်​ကြ​လော့။- ထို​သို့​ပြု​လျှင် အ​ဘယ်​သူ​မျှ​ကြံ၍ မ​မီ​နိုင်​သော ဘု​ရား​သ​ခင်၏ ငြိမ်​သက်​ခြင်း​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သင်​တို့၏​စိတ်​နှ​လုံး​တို့​ကို စောင့်​မ​လိမ့်​မည်။ ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​မ္မာ​တ​ရား​နှင့် ဆိုင်​သော​အ​ကျင့်၊ လျောက်​ပတ်​သော အ​ကျင့်၊ ဖြောင့်​မတ်​သော အ​ကျင့်၊ စင်​ကြယ်​သော အ​ကျင့်၊ သူ​တ​ပါး​နှစ်​သက်​ဖွယ်​သော အ​ကျင့်၊ ချီး​မွမ်း​ဖွယ်​သော​အ​ကျင့် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပါ​ရ​မီ​တစ်​ပါး​ပါး၊ ကောင်း​သော သ​တင်း​တစ်​ပါး​ပါး​နှင့် ဆိုင်​သော​အ​ကျင့်​တို့​ကို​လည်း​ကောင်း၊ နှ​လုံး​သွင်း​ကြ​လော့။- သင်​တို့​သည် အ​ထက်​က​သင်​ယူ၍ ငါ၌​ကြား​မြင် ခဲ့​ပြီး​သ​မျှ​တို့​ကို ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင်၊ ငြိမ်​သက်​ခြင်း၏ အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။ ယ​ခု၌​လည်း သင်​တို့​သည် ငါ့​ကို ကြည့်​ရှု​ပြု​စု​ချင်​သော စေ​တ​နာ​စိတ်​နှင့် ပြည့်​စုံ​ပြန်​သည်​ဖြစ်၍၊ ငါ​သည် သ​ခင်​ဘု​ရား၌ အ​လွန်​ဝမ်း​မြောက်​ခြင်း​ရှိ၏။ ထို​စေ​တ​နာ​စိတ်​သည် အ​ထက်​က​ရှိ​သော်​လည်း ပြု​စု​ရ​သော​အ​ခွင့် မ​ရှိ​ပြီ။- ထို​သို့​ငါ​ဆို​သော်၊ ကိုယ်​တိုင်​ဆင်း​ရဲ​ခြင်း​ကို ရည်​မှတ်၍ ဆို​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် တွေ့​ကြုံ​သ​မျှ​သော အ​ခြင်း​အ​ရာ​တို့၌ ရောင့်​ရဲ​သော​စိတ် ရှိ​အံ့​သော​ငှာ သင်​မိ​ပြီ။- ရှုတ်​ချ​ခြင်း​ကို​လည်း​ကောင်း၊ ကြွယ်​ဝ​ခြင်း​ကို​လည်း​ကောင်း၊ ခံ​တတ်၏။ ဝ​စွာ​စား​ခြင်း၊ မွတ်​သိပ်​ခြင်း၊ စည်း​စိမ်​ရှိ​ခြင်း၊ ဆင်း​ရဲ​ခြင်း​တို့​ကို ခံ​ရ​အံ့​သော​ငှာ၊ အ​ရပ်​ရပ်​တို့​တွင် အ​ရာ​ရာ၌ သင်​မိ​ပြီ။- ငါ့​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော ခ​ရစ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်၏။- သို့​သော်​လည်း ဆင်း​ရဲ​ဒု​က္ခ​ကို​ငါ ခံ​ရ​စဉ်​အ​ခါ၊ သင်​တို့​သည် ငါ​နှင့်​ဆက်​ဆံ​သော​အား​ဖြင့် ကောင်း​မွန်​စွာ ပြု​ကြ​ပြီ။- အ​ချင်း​ဖိ​လိ​ပ္ပိ​မြို့​သား​တို့၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စ​ပြု၍၊ မာ​ကေ​ဒေါ​နိ​ပြည်​မှ ငါ​ထွက်​ဆဲ​ရှိ​သော​အ​ခါ အ​လှူ​လှူ​ခြင်း၊ အ​လှူ​ခံ​ခြင်း​အ​မှု၌၊ သင်​တို့​မှ​တစ်​ပါး အ​ဘယ်​အ​သင်း​တော်​မျှ ငါ​နှင့်​မ​ဆက်​ဆံ​ကြ။- သက်​သာ​လော​နိတ်​မြို့၌ ငါ​ရှိ​စဉ်​ပင်၊ ငါ​လို​သော​အ​ရာ​ကို သင်​တို့​သည် နှစ်​ကြိမ်​တိုင်​အောင် ပေး​လိုက်​ကြ၏။- ထို​သို့​ငါ​ဆို​သော်၊ အ​လှူ​ကို ရှာ​သည်​မ​ဟုတ်၊ သင်​တို့၌ ကြွယ်​ဝ​သော​အ​ကျိုး​ကို ရှာ၏။- ယ​ခု​အ​ခါ အ​ရာ​ရာ၌ ငါ​ရ​တတ်၏။ ဥ​စ္စာ ကြွယ်​ဝ၏။ မွှေး​ကြိုင်​သော​အ​နံ့​နှင့် ပြည့်​စုံ၍၊ ဘု​ရား​သ​ခင် နှစ်​သက်​အား​ရ​တော်​မူ​သော ယဇ်​တည်း​ဟူ​သော သင်​တို့ ပေး​လိုက်​သော​အ​ရာ​တို့​ကို ဧ​ပ​ဖြော​ဒိတ်​လက်​မှ ငါ​ခံ​ရ​သည်​ဖြစ်၍ ကြွယ်​ဝ​လျက်​ရှိ၏။- ငါ၏​ဘု​ရား​သ​ခင်​သည် ဘုန်း​အာ​နု​ဘော်၌ စံ​ပယ်​တော်​မူ​သော စည်း​စိမ်​ရှိ​သည်​အ​တိုင်း၊ သင်​တို့​အ​လို ရှိ​သ​မျှ​တို့​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်။- ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ယေ​ရှု​ခ​ရစ်၌​ရှိ​သော သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို နှုတ်​ဆက်​ကြ​လော့။- ငါ​နှင့်​အ​တူ​ရှိ​သော ညီ​အစ်​ကို​မှ​စ၍ သန့်​ရှင်း​သော သူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ ကဲ​သာ​ဘု​ရင်၏ နန်း​တော်၌​နေ​သော သန့်​ရှင်း​သူ​တို့​သည် အ​ထူး​သ​ဖြင့် နှုတ်​ဆက်​ကြ၏။- ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့​အ​ပေါင်း၌ ရှိ​စေ​သ​တည်း။ အာ​မင်။ ဖိ​လိ​ပ္ပိ​ဩ​ဝါ​ဒ​စာ​ပြီး၏။