YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 3:18-20

ဖိလိပ္ပိ 3:18-20 JBMLE

အ​ကြောင်း​မူ​ကား၊ အ​ထက်​အ​ဖန်​ဖန် ငါ​ပြော၍၊ ယ​ခု​ပင် မျက်​ရည်​ကျ​လျက်​နှင့် ပြော​သည်​အ​တိုင်း၊ ခ​ရစ်​တော်၏ လက်​ဝါး​ကပ်​တိုင်​ကို ရန်​ဘက်​ပြု၍ ကျင့်​သော​သူ​အ​များ​ရှိ​ကြ၏။- ထို​သူ​တို့​သည် ပျက်​စီး​ခြင်း၌ လမ်း​ဆုံး​တတ်​ကြ၏။ သူ​တို့၏ ဘု​ရား​မူ​ကား၊ မိ​မိ​တို့​ဝမ်း​ပေ​တည်း။ မိ​မိ​တို့ ရှက်​ကြောက်​ဖွယ်​သော အ​ကျင့်၌​သာ မိ​မိ​တို့​ဝါ​ကြွား​ကြ၏။ လော​ကီ​အ​ရာ​တို့​ကို​သာ စိတ်​စွဲ​လမ်း​ခြင်း​ရှိ​ကြ၏။- ငါ​တို့​ကျင့်​သော အ​ကျင့်​မူ​ကား၊ ကောင်း​ကင်​ဘုံ​နှင့် စပ်​ဆိုင်​လျက်​ရှိ၏။ ကယ်​တင်​တော်​မူ​သော​အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ကောင်း​ကင်​ဘုံ​မှ ကြွ​လာ​တော်​မူ​မည်​ဟု ငါ​တို့​သည် မျှော်​လ​င့်​လျက်​နေ​ကြ၏။